ပြည်ဈေးကွက်အနေဖြင့် ငရုတ်သီးစိမ်းများရောင်းချရာတွင် အမျိုးအစားအလိုက်ခွဲခြား၍ ဈေးနှုန်းများ သတ်မှတ်လျက်ရှိပြီး ပီနန်သီးနှင့် စပ်သီးအမျိုးအစားများမှာ အမြင့်ဈေးနှင့်ရောင်းချကြပါသည်။ ကျောက်စိမ်းသီး အမျိုးအစားမှာ အနှစ်ရပြီးသိပ်မစပ်သည့်အတွက် ရောင်းဈေးမှာလည်း ဈေးသက်သာပါသည်။
ကျောက်စိမ်းသီးအမျိုးအစားမှာ ပေါင်းတလည်နှင့် ဇီးအုပ်နယ်ဘက်မှ ဝင်ရောက်မှုရှိပြီး စပ်သီးအမျိုးအစားမှာ ဝက်ထီးကန်နှင့် ပေါက်ခေါင်းဘက်မှ ဝင်ရောက်ခြင်းဖြစ်ပါသည်။ ပီနန်သီး အမျိုးအစားမှာ ရန်ကုန်ဘက်မှ ပြန်လည် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ စားသုံးသူများ အနေဖြင့် မိမိကြိုက်နှစ်သက်သည့်အမျိုးအစားကို ရွေးချယ်ဝယ်ယူစားသုံးလျက်ရှိပြီး ပြည်ဈေးကွက်အတွင်း ရောင်းချသည့်ငရုတ်သီးစိမ်း ဈေးနှုန်းများမှာ ကျောက်စိမ်းငရုတ်သီးစိမ်း ပျမ်းမျှတစ်ပိဿာလျှင် ကျပ် (၂၇၀၀ မှ ၃၀၀၀) အထိရှိကာ စပ်သီးမှာ (၆၀၀၀ မှ ၇၀၀၀-၈၀၀၀) ကျပ်ဖြင့် ရောင်းချပြီး ပီနန်သီးမှာ ကျပ်(၈၀၀၀ မှ ၉၀၀၀- ၁၀၀၀၀) ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)