ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ဗီယက်နမ်ဆန်ကုန်သည်များအနေဖြင့် နိုင်ငံတကာဈေးကွက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ဖြစ်ပေါ်လာသည့်အခွင့်အလမ်းကို ရယူနိုင်ရေးလိုအပ်သော အစီအမံများ ပြင်ဆင်ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) အိုပက်အဖွဲ့ဝင်နိုင်ငံများက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၁၆ သန်း လျော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ရေနံစိမ်းဈေးနှုန်းများမှာ ၈% အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr.
တင်းကျပ်သောမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် စားအုန်းဆီပင်သစ်များ တိုးမြှင့်စိုက်ပျိုးမှု လျော့ကျလာမှုနှင့်အတူ လတ်ဆတ်သောသီးနှံအခိုင်များ (Fresh fruit bunches - FFB) ဖြစ်ထွန်းမှုနည်းပါးလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ကာလရှည်တွင် စားအုန်းဆီတိုးချဲ့ထုတ်လုပ်နိုင်မှု အလားအလာများ လျော့ကျသွားနိုင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Kenanga သုတေသနအဖွဲ့က အသိပေးထားပါသည်။
၂၀၂၃ခုနှစ် ဧပြီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုတ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်