ကုန်သွယ်မှုသတင်းများ
၂၁.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
လက်ရှိသကြားရောင်းဝယ်လျက်ရှိသည့် (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ) ယူကရိန်းနိုင်ငံမှ သကြားတင်ပို့မှုမှာ ယခင်နှစ်က တင်ပို့ခဲ့သော တန်ချိန် ၂၆၅၀၀၀ ထက် ၄.၈ ဆ တိုးမြှင့်၍ တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များမှစ၍ အိန္ဒိယနိုင်ငံမှ မြေထောက်ပဲနှင့် ကုလားပဲ ကဲ့သို့သော ပဲများကို အရှိန်အဟုန်မြှင့်ဝယ်ယူခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယထံမှ ပဲမျိုးစုံ ကို အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တန်ဖိုးအားဖြင့် ယူအေအီးနိုင်ငံ၏ ဝယ်ယူမှုထက် ပိုမိုလျက် ပထမဆုံးအကြိမ်ဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တောင်သူများစွာသည် နေကြာကို ဝင်ငွေရအကောင်းဆုံးသီးနှံအဖြစ်လည်းကောင်း၊ စားအုန်းဆီ သို့မဟုတ် ပဲပုတ်ဆီတို့၏ နေရာ၌ နေကြာဆီကို အစားထိုးအသုံးပြုနိုင်ကြောင်း သိမြင်မှုများ တိုးပွားလာ၍လည်းကောင်း နိုင်ငံအနှံ့အပြားတွင် နေကြာသီးနှံကို စိုက်ပျိုးလာကြကြောင်း သိရပါသည်။
အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူများအသင်း၊ အဓိကဆန်တင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များအား ဗြိတိန်နိုင်ငံ၏ဘာစမာတီးဆန်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းသစ်ထုတ်ပြန်မှုနှင့်အိန္ဒိယနိုင်ငံ၏ ဘာစမာတီး ပို့ကုန်အပေါ် ရေတိုနှင့်ရေရှည်ကာလအကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်သွားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါစည်