Main menu

ပြည်ပဲမျိူးစုံမှာဈေးအမြင့်ဆုံးရလျက်ရှိတဲ့ စားတော်ပဲသီးနှံ

Powered by Drupal

   ပြည်ပဲမျိုးစုံဈေးကွက်အ‌နေဖြင့် ဈေးအမြင့်ဆုံးရနေပြီး ပြည်တွင်းစားသုံးမှုများတဲ့ပဲသီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံမှာဆိုလျှင် မြန်မာလူမျိူးတို့ရဲ့ နံနက်စာမှာ မပါမဖြစ်နီးပါး ပါဝင်စားသုံးကြတဲ့ ပဲဖြစ်၍ ပြည်ပွဲရုံများမှ ပဲပြုတ်ရောင်းချရန်ဝယ်ယူကြသည့် လက်လီဝယ်ယူသူပိုများကြောင်း သိရှိရပါသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်းရနေပြီး ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိသလို ယခုနှစ်မှာလည်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)အထက်ဈေးအမြင့်ဖြင့် ရောင်းဝယ်ခဲ့ကြသောကြောင့် သင်္ကြန်မတိုင်ခင်ကာလမှစ၍ သင်္ကြန်ကာလပြီးသည့်အချိန်အထိ ဈေးအမြင့်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)