ပြည်(ချင်း)ပွဲရုံများသို့ ချင်းထွက်ရာဒေသတို့မှ အဝင်နည်းနေခဲ့သည်။ ပြည်ပွဲရုံများတွင် ချင်းဈေးလုံးဝ ငြိမ်နေခဲ့ရာမှ ယခင်အပတ်မှစ၍ တစ်ပိဿာဈေးနှုန်း ၈၀၀မှ ၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာ တွေ့ရပါသည်။ ယခုအပတ်ချင်းဈေးမှာ (ပွဲရုံဈေး) ၃၅၀၀ ကျပ်ဖြစ်ပြီး (လက်လီဈေး) မှ ၄၀၀၀ / ၄၂၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာ ၃၈၀၀ကျပ်ဈေးဖြစ်ပြီး အရောင်းအဝယ်မှာ ခရိုင်တွင်ဈေးများမှ ဝယ်လက်များနှင့် ဒေသတွင်းလက်လီသမားတို့ အခွဲများနေသောကြောင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)