တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ယခင်လ လကုန်ပိုင်းက ကြက်သား(ရင်အုပ်သီးသန့်) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုသင်္ကြန်အပြီးတွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် အသီးသီးဈေးတက်သွားပါသည်။
ငါးကြင်းမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ယခုအပတ်တွင် အကောင်လိုက် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အမြီးလွတ် ခေါင်းလွတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးကြင်းဖြူမှာ ယခင်လကုန်ပိုင်းက အကောင်လိုက်ဈေး တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၁၄၀၀၀ ကျပ်၊ အမြီးလွတ် ခေါင်းလွတ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ယခင်လကုန်ပိုင်းက ၈၀၀၀ ကျပ်၊ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်၊ ငါးရံ့မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှင့် ယခုအပတ်တွင် ၁၆၀၀၀ကျပ် အသီးသီး ဈေးတက်သွားပါသည်။
ဝက်သား(ရေလွတ်သား)သုံးထပ်သားမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၇၀၀၀ ကျပ်၊ ပေါင်သားမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၀၀၀၀ ကျပ် ဖြင့် အသီးသီး ဈေးတက်ခဲ့ပါသည်။
ပုဇွန်ဆိတ်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ပုဇွန်အကြီးမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၄၀၀၀၀ ကျပ်၊ ပုဇွန်အလတ်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ ယခင်လကုန်ပိုင်းက တစ်ပိသာလျှင် ၂၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၂၈၀၀၀ ကျပ် အသီးသီး ဈေးတက်သွားကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ အသား/ငါးဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)