ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စားအုန်းဆီ_2.jpg?itok=sI_yhKqY)
ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဈေးနှုန်းအနည်းငယ် ဆက်လက်မြင့်တက်လာပြီး ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် ဇန်နဝါရီလ တတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျင် ၁၆၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၄၀၀ကျပ် ဈေးနှုန်း ဆက်လက်မြင့်တက်လာခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sagaing4.jpg?itok=XtQ677-9)
၂၀၂၃-ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည် (၂၅၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည် (၂၂၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၇၀၀၀)ကျပ် ရှိ ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sagaing3.jpg?itok=hCNJucaO)
မရမ်းပင်ကို အင်္ဂလိပ်လို (MARIAN TREE)လို့ ခေါ်ပါတယ်။ မရမ်းပင်သည် သားစဉ်မြေးဆက် စိုက်ပျိုးပြီး စီးပွားဖြစ်ထွန်းစေသော အပင်မျိုးဖြစ်ပါသည်။ အချို၊ အချဉ်အရသာ (၂)မျိုးရှိပြီး မရမ်းသီး အစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်ကြသလို အခြောက်လှန်းပြီး မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုတွေ အဖြစ်ဖြင့်လည်း စားသုံးကြပါသည်။ မရမ်းသီး အမှည့်မှာ အရောင်တဝင်းဝင်းနှင့်ရာသီပေါ်ချိန်ဆို အရောင်းလည်းသွက် ဈေးလည်း ကောင်းပါသည်။
ပြည်မြို့၏ဒေသထွက် အစားအစာတစ်ခုဖြစ်သည့် တောလက်ဖက်သည် မြန်မာနိုင်ငံတွင် ပြည်မြို့ တစ်မြို့တည်းသာ ရရှိပါသည်။ အခြားမြို့ရွာများမှ မိတ်ဆွေများကို လက်ဆောင်ပေးရာတွင် မပါမဖြစ် ပါဝင်သောအစားအစာတစ်မျိုးဖြစ်သည်။ နိဗ္ဗိန္ဒလက်ဖက်(သို့)ပြည်လက်ဖက်(သို့) သီလှရှင် လက်ဖက်(သို့) တောလက်ဖက် အဆင်ပြေသလိုခေါ်ဝေါ်ကြ၍ ဒေသစာလက်ဖက်ကို သဘာဝအလျောက် ပေါက်ရောက်သည့် ဆေးဖက်ဝင် နရွဲရွက်၊ ကြက်တက်ရွက်ကို တပေါင်း၊ တန်ခူးကာလမှာ ခူးဆွတ်ပြီး ရွက်နုလေးတွေကို ရေစင်အောင်ဆေး၊ ရေနွေးနှင့်ပြုတ်၊ ရေစင်အောင်သေခ