Main menu

ပြည်တောလက်ဖက်(ခ)မိုးကျလက်ဖက်(ခ)သီလရှင်လက်ဖက်

Powered by Drupal

          ပြည်မြို့၏ဒေသထွက် အစားအစာတစ်ခုဖြစ်သည့် တောလက်ဖက်သည် မြန်မာနိုင်ငံတွင် ပြည်မြို့ တစ်မြို့တည်းသာ ရရှိပါသည်။ အခြားမြို့ရွာများမှ မိတ်ဆွေများကို လက်ဆောင်ပေးရာတွင် မပါမဖြစ် ပါဝင်သောအစားအစာတစ်မျိုးဖြစ်သည်။ နိဗ္ဗိန္ဒလက်ဖက်(သို့)ပြည်လက်ဖက်(သို့) သီလှရှင် လက်ဖက်(သို့) တောလက်ဖက် အဆင်ပြေသလိုခေါ်ဝေါ်ကြ၍ ဒေသစာလက်ဖက်ကို သဘာဝအလျောက် ပေါက်‌ရောက်သည့် ဆေးဖက်ဝင် နရွဲရွက်၊ ကြက်တက်ရွက်ကို  တပေါင်း၊ တန်ခူးကာလမှာ ခူးဆွတ်ပြီး ရွက်နုလေးတွေကို ရေစင်အောင်ဆေး၊ ရေနွေးနှင့်ပြုတ်၊ ရေစင်အောင်သေချာ ပြန်ညှစ်၊ သေချာသန့်စင်ထားသည့်အင်ဖက်၊ ဘန့်ဘွေးဖက်၊ တောင်စဉ်ဖက်တို့နှင့်ထုပ်၊ ဝါးနှီးဖြင့် ချည်နှောင်ပြီး လက်ဖက်လိုစားလို့ကောင်းနူးညံ့သွားအောင် စဉ်အိုး၊ ဖျဉ်းအိုးတွေထဲမှာ မိုးရေ အပြည့်နှင့်စိမ်၊ အပေါ်မှအဖုံးကို လုံနေအောင်ပိတ်ပြီး တစ်နှစ်လုံးနှပ်ထားပြီး ရလာသော လက်ဖက် ဖြစ်ပါသည်။ စားသုံးပုံနည်းမှာ လက်ဖက်သားလေးကို ဆီ၊ ငံပြာရည်၊ အရသာမှုန့်လေးဖြင့် နယ်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နှစ်ပြန်ကြော်၊ ကြက်သွန်ကြော်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ပုစွန်ခြောက်တို့ထည့်၍ သုတ်စားလျှင် အရသာအလွန်ကောင်းပါသည်။ ပုံမှန်လက်ဖက်ထက် အများကြီး နူးညံ့ပါသည်။ တောလက်ဖက်ကို သုတ်၍စားသုံးခြင်းဖြင့် လေအောင့်၊ လေနာ မဖြစ် သည့်အပြင် လေရောဂါကိုသက်သာစေပါသည်။ အခြားရနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများမှာ  အဆီကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးတိုးကျစေခြင်း ၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ လေကြေစေခြင်း တို့ပင်ဖြစ်ပါသည်။ တောလက်ဖက်အထုတ်လေးကို ရေစိမ်ထားပြီး ရေလဲလဲပေးပါက အနည်းဆုံး ၁၀လအထိ အထားခံပါသည်။ တောလက်ဖက်အထုတ်တစ်ထုတ်ဈေးနှုန်းမှာ ၅၀၀ ကျပ်သာဖြစ်၍ အသင့်စားသော လက်ဖက် ၁၅ကျပ်သားခန့် ပါဝင်သော ဗူးတစ်ဗူးကို ၃၀၀၀ကျပ် ဈေးဖြစ်၍ယခုအခါတွင် တောလက်ဖက်ရှားပါးနေပြီဖြစ်၍ မတ်လကုန်ပြီး ဧပြီလဆန်းကျော်တွင် တောလက်ဖက်အထုတ်သစ်များပေါ်၍ ဈေးနှုန်းသည်လည်း တစ်ထုတ်လျှင် အနည်းဆုံး ၃၀၀ကျပ် ဈေးဖြင့် ဈေးပြန်လည်ချိုသာလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)