Main menu

မရမ်းသီးများစတင်ထွက်ပေါ်

Powered by Drupal

       မရမ်းပင်ကို အင်္ဂလိပ်လို (MARIAN TREE)လို့ ခေါ်ပါတယ်။ မရမ်းပင်သည် သားစဉ်မြေးဆက် စိုက်ပျိုးပြီး စီးပွားဖြစ်ထွန်းစေသော အပင်မျိုးဖြစ်ပါသည်။ အချို၊ အချဉ်အရသာ (၂)မျိုးရှိပြီး မရမ်းသီး အစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်အဖြစ် စားသောက်ကြသလို အခြောက်လှန်းပြီး မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုတွေ အဖြစ်ဖြင့်လည်း စားသုံးကြပါသည်။ မရမ်းသီး အမှည့်မှာ အရောင်တဝင်းဝင်းနှင့်ရာသီပေါ်ချိန်ဆို အရောင်းလည်းသွက် ဈေးလည်း ကောင်းပါသည်။

      မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး (၄)စင်တီမီတာကနေ (၇)စင်တီမီတာ အထိရှိတတ်ပါသည်။ တစ်ပင်လုံးအသီးသီးပြီး အသီးအရောင်မှာ အစိမ်းရောင်ဖျော့ဖျော့ရှိပြီး အရသာကချဉ်ပါသည် ။ အလယ်မှာ ခရမ်းရောင်အစေ့လေးရှိပြီး မှည့်လာသောအခါ အဝါရောင် ပြောင်းလာပါသည်။ အဝါရောင်ပြောင်းလာမှုနှင့်အတူ အရသာမှာလည်းအချဉ်ပေါ့လာပါသည်။ မရမ်းပင်သည် သရက်ပင်၊ သီဟိုဠ်ပင်တို့နှင့် မျိုးရင်းတူပြီး ထူးခြားမှုမှာ အခွံခွာစရာမလိုဘဲ စားလို့ရပါသည်။ မရမ်းပင်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နှင့် မြန်မာနိုင်ငံတို့မှာ အများအပြား ပေါက်ရောက်ပါသည်။

        မရမ်းသီးပင်ကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းပါတယ်။ မြေစေးဆန်ပြီး နှုန်းမြေ၊ ပူအိုက် စွတ်စိုသောရာသီဥတုတို့ကို ကြိုက်နှစ်သက်ပြီး မရမ်းပင်းတစ်ပင်စိုက်ပျိုးပြီး (၇)နှစ်ကြာလျှင် အသီးစတင်ခူးဆွတ်နိုင်ပြီး အသီးအထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀ အထိရရှိပြီး အပင်ကြီးလျှင် အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိ ရရှိနိုင်ပါသည်။ မရမ်းသီးသည် ရာသီချိန်နှင့်သာပေါပြီး ဈေးကွက်တွင် ရောင်းချိန်သိပ်မကြာသော သီးနှံဖြစ်ပါသည်။ ဇန်နဝါရီလလောက်တွင် စတင်ပေါ်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှု နည်းပါးသွားကြောင်း သိရှိရပါသည်။  သီးနှံပေါ်ချိန်တွင် မရမ်းသီးတစ်ပိဿာလျှင် ၃၀၀၀၀ကျပ် နှုန်းခန့်ရှိပြီး သီးနှံအဝင်လှိုင်ချိန်တွင် တစ်ပိဿာကို ၁၈၀၀၀ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေခဲ့ပါသည် ။ အလုံးအကြီး/ အသေးပေါ်မူ တည်၍လည်း ဈေးနှုန်းကွာခြားပါသည်။

       ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိသော  မရမ်းသီးကို လူတိုင်းကြိုက်ကြပါသည်။ ဆောင်းရာသီရဲ့ အအေးဓါတ်လေးမကုန်ခင်မှာ အရသာရှိလှတဲ့ မရမ်းသီးလေးစားရတာက ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်ကလေးဖြစ်ပါသည်။ မရမ်းသီးစိမ်းသည်  ဆားရည်ပဲစိမ်စားစား၊ ပါးပါးလေးလှီးပြီး သုတ်ပဲစားစား၊ လက်ဖက်နဲ့ပဲရောစားစား စားလို့ ကောင်းသော အသီးအနှံဖြစ်ပါသည်။

DOCA(ပဲခူး)