Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Jan 2023

        အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၁၁)ရက်နေ့မှ ဇန်နဝါရီလ(၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်

23 Jan 2023

          ၂၀၂၃ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)

23 Jan 2023

           ၂၀၂၂-၂၀၂၃ မိုးစပါးသီးနှံအနေဖြင့်  ရွှေဘိုခရိုင်တွင် ဧက(၃.၅)သိန်းကျော်နှင့်ရေဦးခရိုင်တွင် ဧက(၂.၉)သိန်းကျော်၊ စုစုပေါင်း ဧက(၆.၄)သိန်းကျော် စိုက်ပျိုးပြီး  ရွှေဘိုပေါ်ဆန်းစပါးမျိုး အနေဖြင့် (၂.၂)သိန်းကျော်စိုက်ပျိုးကြောင်း  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး  ရွှေဘိုပေါ်ဆန်းစပါးများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ရိတ်သိမ်းပြီး ၊ဇန်နဝါရီလကုန်ပိုင်းတွင် ရာသီကုန် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

23 Jan 2023

       ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်နှင့်အငယ်စား၊အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)ကဏ္ဍာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊  စားသုံးသူ ရေးရာဦးစီးဌာနဝန်ထမ်းများသည် ကျောက်ဆည် မြို့နယ်၊ ငါးအိုးကျေးရွာရှိ တံစဉ်လုပ်ငန်း ရှင် များအား တွေ့ဆုံပြီး ကုန်ကြမ်းရရှိမှု၊ကုန်ချောဖြန့်ဖြူးမှုနှင့်စျေးနှုန်းစျေးကွက် အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။ငါးအိုးကျေးရွာတွင် လယ်ယာလုပ်ငန်းသုံး တံစဉ်များပြုလုပ်ရန်အတွက် ပန်းပဲဖို (၁၁)ခုရှိပြီး၊၎င်းလုပ်ငန်

23 Jan 2023

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့်သော်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

Pages