Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jan 2023

       မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ စျေးကွက်အခြေအနေမှာ နှမ်းညိုတစ်တင်းလျှင် (၇၃၀၀၀-၇၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၀၀၀-၈၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၃၆၀၀-၃၇၀၀)ကျပ်ရှိပြီး၊ ယခင်ပတ်ကာလတူ ပေါက်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် (၆၇၅၀၀-၇၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၀၀၀၀ ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ရှိပြီး၊ ယခင်တစ်ပတ်ကာလတူနှင့် နှိုင်းယှဉ်ပါက နှမ်းစျေးနှုန်းနှင့် နေကြာစျေးနှုန်းများ မြင့်တက်လာကြောင်း၊ ယခုပတ်အတွင်း ဆီစ

24 Jan 2023

        မိတ္ထီလာခရိုင်အတွင်း ထောပတ်ပဲကို ဧက(၈၀၀၀)ခန့်စိုက်ပြီး၊ မလှိုင်မြို့နယ်တွင် (၄၅၀၀) ဧကခန့်ဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရပါသည်။ ထောပတ်ပဲကို ဒေသတွင်းစားသုံးရန် အဓိကထားစိုက်ပျိုးကြပါသည်၊၊ ထောပတ်ပဲမှာ ပဲစိမ်း(ပဲအစို)အနေနှင့်ပင် ဒေသတွင်းစျေးကွက်သို့ တင်ပို့ရောင်းချရာ ယခုနှစ်တွင် တစ်ပြည်လျှင် ၃၀၀၀ိ/-ကျပ်အထိ စျေးကောင်းရခဲ့ပါသည်။ ဒေသတွင်းစားသုံးရာ၌ ထောပတ်ပဲအစိုကို ပြုတ်ကာညက်အောင်ထောင်းပြီး၊ အသီးအရွက်များဖြင့် အချဉ်ဟင်းရည်အဖြစ် ချက်ပြုတ်၍လည်းကောင်း၊ နှပ်၍လည်းကောင်းစားသုံ

23 Jan 2023

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။

23 Jan 2023

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဆောင်းသီးနှံပဲမျိုးစုံ လှိုင်လှိုင်ထွက်ရှိသော ဇန်နဝါရီလဆန်းမှစ၍ အဓိကဆောင်းသီးနှံဖြစ်သည့် မတ်ပဲမှာ အရောင်းအဝယ်တွင်ကျယ်ပြီး ဈေးကွက်သွက်လာခဲ့ပါသည်။ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ၅၄၄၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေ့စဉ်အိတ်(၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲစပေါ်ချိန် ဒီဇင်ဘာ ဒုတိယပတ်တွင် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်ဈေးပေါက်ခဲ့သော်လည်း ယခုကဲ့သို့ နယ်စုံပဲထွက်လာချိန်တွင် ယခင်လထက် တစ်တင်းလျှင် ၅၆၀၀ ကျပ်ခန့်

23 Jan 2023

       တောင်ငူခရိုင်၊ ဖြူးမြို့၊ အုတ်ဖြတ်လမ်းတွင် Healthy Family အမှတ်တံဆိပ် အဟာရဖြည့် ဗီတာမင်ကွတ်ကီးများ ထုတ်လုပ်လျက်ရှိပါသည်။ လုပ်ငန်းတွင် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဟင်းသီးဟင်းရွက်များဖြစ်သော ဟင်းနုနွယ်၊ ဖရုံသီး၊ ကန်ဇွန်းဥ၊ မုန်လာဥနှင့် နိုကိုဥ ခေါ် သကြားမုန်လာတို့ဖြစ်ပါသည်။

Pages