ကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ မနောသုခအသစ်တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် မနောသုခအဟောင်းတစ်ပြည်လျှင် ၂၃၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀
ပြည်မြို့တွင် ဇန်နဝါရီအတွင်း အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီအသစ် အလတ်စ တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ငရုတ် ခြောက်ရှည် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀ကျပ်၊ မန်ကျည်း မှည့် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုဇန်နဝါရီလ တတိယပတ်တွင် ပြည်ခရိုင်ရှိ စပါးဈေး ၊ ဆန်ဈေးများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ရွှေတောင်မြို့နယ်တွင် ယခင်အပတ်က စပါး (၄၆)ပေါင် တင်း ၁၀၀လျှင် ၁၂၄၀၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၄၂၀၀၀ ကျပ်ဖြစ်ခဲ့၍ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဆန် (၁၀၈)ပေါင် ဆန်အလတ်စ တစ်အိတ်လျှင် ယခင်အပတ်က ၄၃၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ၄၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်မြို့နယ်တွင် ယခင်အပတ်က စပါး (၄၆) ပေါင် တင်း ၁၀၀ လျှင် ၁၁၇၀၀၀၀ ကျပ်ဖြစ်ပြီး ယခုဇန်နဝါရီလ တတိယပတ်တွင် ၁၂၀
ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခ စပါးသစ်ဈေးနှုန်းများအနေဖြင့် (၄၆) ပေါင် တင်း၁၀၀လျှင် ၁၂၁၀၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်သစ်တစ်အိတ်လျှင် ၄၈၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၃၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀ဝိ-/ ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၁၈၅၀ဝိ-/ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
မိတ္ထီလာခရိုင်အတွင်း ပဲစဉ်းငုံကို ယခုနှစ်တွင် ဧက (၉၀၀၀၀) ခန့်စိုက်ပျိုးခဲ့ရာ မလှိုင်မြို့နယ်တွင် ဧက (၆၀၀၀၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးကြောင်းသိရပါသည်။ ပဲစင်းငုံသီးနှံမှာ ရေငတ်ဒဏ်ခံခြင်းကြောင့် ဒေသရာသီဥတုနှင့်သင့်လျော်သည့်အပြင် စိုက်ပျိုးစရိတ်(သွင်းအားစု/လုပ်အားခ)များပါ သက်သာခြင်းကြောင့် စိုက်ပျိုးမှုများပါသည်။ စိုက်ပျိုးကာလမှာ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ပဲစင်းငုံကို ဝါ၊ နှမ်းတို့နှင့် သီးညှပ်အဖြစ်လ