ကုန်သွယ်မှုသတင်းများ
လွိုင်ကော်မြို့နယ်အတွင်းရှိ ငှက်ပျောသီးကိုစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်အတွင်းမထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ၊ ကျောက်တောင်၊ လေးမိုင်စံပြကျေးရွာတို့ တွင်ရခိုင်ငှက်ပျောသီးကိုအဓိကစိုက်ပျိုးကြပါသည်။ ရခိုင်ငှက်ပျောသီးကိုအခိုင်ပြတ် ယူလျှင်အနည်း ဆုံး( ၈ )ဖီးမှ( ၁၂ )ဖီးအထိရှိကြပါသည်။ ယခင်၂၀၂၂ခန့်ကဒေသထွက် ဈေးကွက် အတွင်းလက်လီ တစ်ဖီးလျှင်( ၄၀၀ )မှ( ၈၀၀ )ကျပ်နှုန်းအထိအဖီးအကြီးအသေး ပေါ်မူတည်၍ ရောင်းချလျှက်ရှိကြပြီး ယခု၂၀၂၃ခုနှစ်ဇန်နဝါရီလအတွင်း ငှက်ပျောသီး
ကရင်ပြည်နယ် ဘာအံမြို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း တွေ့ရသည်။ အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းဖြစ်ပေါ်နေသော်လည်း ဒေသထွက်ရေချိုတောငါးများဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ် စသည့် ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၅၀၀၀ ကျပ် မှ ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများနှင့် ကုန်စည်တင်ပို့မှု့များဖြင့် ကုန်သွယ်မှု့ ပြုလုပ်ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ ယခင်ပတ်အတွင်း ပြည်နယ်အတွင်းသို့ အခြေခံစားကုန်၊ အိမ်ဆောက်ပစ္စည်းနှင့် စိုက်ပျိုးရေးသွင်းအားစုများ စီးဝင်လျက်ရှိပြီး ပြည်နယ်အတွင်းမှ အခြေခံစားကုန်များ တင်ပို့မှုအနည်းငယ်သာရှိခဲ့ပါသည်။ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ကုန်စည်စီးဝင်မှုမှာ ကုန်စုံကား(၁၅)စီး၊ အချိုရည်(၈၀၉၅)ကဒ်၊ မြေဩဇာ(၁၄၃၀) အိတ်၊ ဘိလပ်မြေ (၅၄၇၀) အိတ်နှင့် ဆန်(၃၄၁၅) အိတ်၊ ငရုတ်သီးခြောက်

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇန်နဝါရီလ တတိယပတ် (၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ကျပ်(၅၀၀) ခန့်မြင့်တက်လာကြောင်း သိရှိရပါတယ်။ ဒေသထွက်ခရမ်းချဉ်သီးများ
ကယားပြည်နယ်တွင် ထောပတ်သီးကိုမိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပါသည်။ ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး အချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ်တွင် အသီးကုန်ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးကို တောင်ပေါ်ဒေသများဖြစ်သောရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊