ကုန်သွယ်မှုသတင်းများ
မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းချဉ်းသီး၊ ဂျင်းတက်၊ ကြက်သွန်ဖြူများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ ဝင်ရောက်လျက်ရှိပြီး သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၂၂.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဖောင်လင်းကျေးရွာရှိ ဆောင်းငရုတ်သီး စိုက်ပျိုးသော တောင်သူဦးကျော်နိုင်နှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ (တတိယ)ပတ်အတွင်း မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန် ပိဿာ(၄)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် ဒေသတွင်းမြစ်ခြေ၊ ကမ္မမြို့နယ်များမှထွက်ကုန်များအပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းများ၊ ရှမ်းပြည်(သီပေါ/အင်းလေး)ထွက်ကုန်များ၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များမှ ထွက်ကုန်များဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသော ဈေးဖြစ်ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အစေ့ထုတ်ပြောင်းမှာ အဓိကစိုက်ပျိုးလျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ နောင်ချိုမြို့နယ်အတွင်းရှိ အများဆုံးစိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းမျိုးမှာ CP-808 နှင့် CP-621 တို့ဖြစ်ကြောင်း သိရှိရပြီး မျိုး ၅ Kg တစ်ထုတ်လျှင် ဈေးနှုန်းကျပ် (၇၀၀၀၀ မှ ၇၅၀၀၀ ကြား)ပေါက်ဈေးရှိပြီး တစ်ထုတ်လျှင် တစ်ဧကနှုန်းစိုက်ပျိုးရကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကလျှင် မျိုး၊ သွင်းအားစုနှင့် ပွဲရုံထိအရောက် ကုန်ကျ စရိတ်ခန့်မှန်း ကျပ် (၅၅၀၀၀၀/-)ခန့် ကုန်ကျပြီး