Main menu

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဇန်နဝါရီလ(တတိယ)ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

        ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ (တတိယ)ပတ်အတွင်း မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန် ပိဿာ(၄)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ယခု(၁)ပတ်အတွင်း (မိုး)ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၈၅၀/ ၁၈၀၀)၊ အလတ်စ ကျပ်(၁၇၀၀/ ၁၆၇၅/ ၁၅၇၅)၊ အသေးစ ကျပ်(၁၃၅၀/ ၁၂၅၀/ ၁၀၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဇန်နဝါရီ(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ(၁)ပိဿာလျှင် ကျပ်(၂၁၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၃၀၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်း ကျဆင်းခဲ့ပါသည်။

        ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ (၄၂၈၅)အိတ်၊ ပြည်မြို့သို့ (၁၄၂၈)အိတ်၊ မြဝတီမြို့သို့ (၁၇၁၄)အိတ်၊ မော်လမြိုင်မြို့သို့ (၅၇၁)အိတ်၊ ပုသိမ်မြို့သို့ (၅၇၁)အိတ်ခန့် ယခု(၁)ပတ်အတွင်း စုစုပေါင်း ပျမ်းမျှပိဿာ(၃)သိန်း၊ (၈၅၇၀) အိတ်၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစားအရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၂၂၀၀ မှ ၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)