Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Feb 2023

   ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲသီးနှံကိုလည်း အဓိကစိုက်ပျိုးထုတ်လုပ်လာကြပါသည်။ မြေပဲကို လွိုင်ကော်ခရိုင်တွင်အများဆုံးစိုက်ပျိုးကြပြီး ဘောလခဲခရိုင်တွင်လည်း အနည်းငယ်စိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြေပဲ(မိုး)စုစုပေါင်းစိုက်ဧကမှာ (၅၇၀၈)ဧကခန့်ရှိခဲ့ပြီး အကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မြေပဲအတောင့် (၄၅) တင်းခန့်နှင့် မြေပဲအတောင့်စုစုပေါင်းအထွက်မှာ(၂၅၄၇၆၆)တင်းခန့် ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှသိရှိပါသည်။

09 Feb 2023

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(ရွှေတောင်) (50Kg) တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) (50Kg) တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) (50Kg)တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg) တစ်အိတ်လျှင် (၁၅၇၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) (50Kg) တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) (50Kg) တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ပန်းဖူး(သစ်) (တရုတ်) (

09 Feb 2023

     ကယားပြည်နယ်တွင် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ နှမ်းတို့အပြင် ပဲတီစိမ်းများကိုလည်း စိုက်ပျိုးကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ပဲတီစိမ်း(မိုး/ဆောင်း)စိုက်ဧကမှာ(၁၄၃၁)ဧကခန့်၊ ရိတ်ဧကမှာ(၉၁၈) ဧကခန့်၊ တစ်ဧကအထွက်နှုန်းမှာ (၁၀)တင်းခန့်နှင့် စုစုပေါင်းအထွက်နှုန်းမှာ(၉၇၂၇)တင်းခန့် ထွက်ရှိပါကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။

09 Feb 2023

        ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ လင်ဖုံလေးကျေးရွာ၊ မှုံပြာကျေးရွာတို့တွင် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၂၈၀၀)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း ဟင်းသီးဟင်းရွက်ရောင်းဝယ် သူတစ်ဦးထံမှ သိရှိရပါသည်။

09 Feb 2023

         ကယားပြည်နယ် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကိုလည်းစိုက်ပျိုးကြရာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လွိုင်ကော်ခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ (၁၈၄၉)ဧကခန့်ရှိပြီး ရိတ်သိမ်းမှု မရှိသေးပါကြောင်း၊ ဘောလခဲခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ(၂၀၅)ဧကခန့်၊ ရိတ်ဧကမှာ (၁၂၀)ဧကခန့်၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၄၅၀)ပိဿာခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာ ဌာနမှသိရှိရပါသည်။

Pages