ကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၈၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ကျပ်နှ
မကွေးမြို့၊ မြို့မစျေး၌မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
မကွေးမြို့ရှိ ကန်သာစျေး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်း ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငပိ၊ ငါးခြောက်များ ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက် ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၈၀၀)ကျပ် ၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၇၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၂၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။