မကွေးမြို့ရှိ ကန်သာစျေး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်း ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငပိ၊ ငါးခြောက်များ ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက် ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
ဇန်နဝါရီလ(တတိယ)ပတ်အတွင်း ဝင်ရောက်ရောင်းချလျှက်ရှိသော စျေးနှုန်းများမှာ ဒေသကြက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၅၀၀၀)အတွင်း၊ မွေးမြူရေး ကြက်သား (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)အတွင်း၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)အတွင်း၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၈၀၀၀)အတွင်း၊ ဆိတ်သား (၁)ပိဿာလျှင် (၂၀၀၀၀ မှ ၂၄၀၀၀) အတွင်း၊ ငါးကြင်း (၁)ပိဿာလျှင် (၁၄၀၀၀မှ ၁၈၀၀၀)အတွင်း၊ မြစ်ငါးမြင်း (၁)ပိဿာလျှင် ကျပ် (၂၅၀၀၀မှ ၃၂၀၀၀)အတွင်း၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)အတွင်း၊ ငါးသလောက် (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀ မှ ၂၈၀၀၀)အတွင်း၊ ငါးခူ (၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၆၀၀၀)အတွင်း၊ ငါးရံ့ (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၆၀၀၀)အတွင်း၊ ငါးတန် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၆၀၀၀)အတွင်း၊ ငါးဘတ် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)အတွင်း၊ ငါးဖယ် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၅၀၀၀)အတွင်း၊ ရေချိုပုဇွန် (လတ်) (၁)ပိဿာလျှင် ကျပ်(၃၂၀၀၀ မှ ၃၅၀၀၀)အတွင်း၊ ရေငန်ပုဇွန်(လတ်) (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀ မှ ၄၀၀၀၀)အတွင်း၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၁၀ မှ ၂၃၀)အတွင်း၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၂၈၀ မှ ၃၀၀)အတွင်း၊ ငပိ (၁) ပိဿာလျှင် ကျပ်(၅၀၀၀မှ ၈၀၀၀)အတွင်း၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်( ၂၅၀၀၀မှ ၃၀၀၀၀) အတွင်း၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၃၆၀၀၀မှ ၄၅၀၀၀)အတွင်း၊ ငါးတံခွန်ခြောက် (၁) ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)အတွင်း၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀မှ ၁၆၀၀၀)အတွင်း၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀ မှ ၅၀၀၀၀)အတွင်း အသီးသီးရောင်းချလျက်ရှိကြောင်းနှင့် ယခင်နှစ်ကာလတူထက် ငပိ၊ ငါးခြောက်ဈေးမှာ ကျပ်(၄၀၀၀မှ ၅၀၀၀)ထိ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)