Main menu

မကွေးမြို့ပေါ်ရှိ ဈေးများ၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံး သီးနှံကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

           မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းချဉ်းသီး၊ ဂျင်းတက်၊ ကြက်သွန်ဖြူများကို မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ ဝင်ရောက်လျက်ရှိပြီး သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။

          ဇန်နဝါရီလ (တတိယ)ပတ်အတွင်း မကွေးမြို့ပေါ်စျေးများ၌ ရောင်းချလျက်ရှိသော ဈေးနှုန်း များမှာ ပန်းဂေါ်ဖီပွင့် (၁)ပွင့်လျှင် ကျပ်(၁၀၀၀)၊ ဂေါ်ဖီထုတ် (၁)ထုတ်လျှင် ကျပ်(၁၀၀၀)၊ မုန်ညှင်း (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ခရမ်းချဉ်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၄၀၀)အတွင်း၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ သံပုရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ သံပုယိုသီး (၁)လုံးလျှင် ကျပ်(၁၀၀)၊ ရှောက်သီး (၁)လုံးလျှင် ကျပ်(၃၀၀)၊ ကြက်သွန်နီ(အသစ်) (၁)ပိဿာလျှင် ကျပ် (၂၉၀၀ မှ ၃၂၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ် (၄၀၀၀ မှ ၄၅၀၀ )အတွင်း၊ ငရုတ်သီးခြောက် အရှည် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီးခြောက်အပု (၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၅၀၀ )၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၄၅၀၀ )ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)