Main menu

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

          စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇန်နဝါရီလ တတိယပတ် (၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ကျပ်(၅၀၀) ခန့်မြင့်တက်လာကြောင်း သိရှိရပါတယ်။ ဒေသထွက်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း  နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)