ကုန်သွယ်မှုသတင်းများ
မိတ္ထီလာစျေးကွက်အတွင်း ဇန်နဝါရီလ လလယ်ပိုင်း၌ နယ်ဝေးဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်းနေကြောင်းသိရပါသည်။ မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်ကို မလှိုင်မြို့နယ်တွင်ဧက (၆၅၀)ကျော်နှင့် ဝမ်းတွင်းမြို့နယ်တွင် ဧက (၂၀၀၀)ကျော်စိုက်ပျိုးကာ မိုးကြက်သွန်နီမှာ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ ယခုနှစ်တွင် ကြက်သွန်နီစျေးကောင်းလာခြင်းကြောင့် တောင်သူများမှာ အကျိုးအမြတ်များခဲ့ကြောင်းသိရပါသည်။ ဇန်နဝါရီလ တတိယပတ်အတွင်း ရန်ကုန်သို့ (၁၇) တန်ဆံ့ (၁၂) ဘီးကား(၂) စီးနှင့် ပဲခူးသို့ ကု
၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ၊ ပဲခူးတိုင်းဒေသကြီး၏ ဧည့်မထ (မိုးစပါး) ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထစပါးဈေးနှုန်း ၄၆ပေါင် တင်း၁၀၀ လျှင် ၁၁၂၀၀၀၀ကျပ်မှ ၁၁၆၀၀၀၀ ကျပ်ထိရှိခဲ့ရာမှ ယခုဇန်နဝါရီလ တတိယပတ်တွင် ၁၁၆၀၀၀၀ ကျပ်မှ ၁၁၉၆၀၀၀ကျပ် ဈေးနှုန်းဖြစ်ခဲ့သဖြင့် ဧည့်မထ စပါး ၄၆ပေါင် ၊ တင်း၁၀၀ လျှင် ၃၆၀၀၀ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထ ဆန်ဈေးနှုန်းမှာ ၂၅ % (၁၀၈)ပေါင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်မှ ၄၃
ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲတီစိမ်းများ စတင်ထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိ ကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစန်းအောင် ဒု-ဦးစီးမှူးသည်(၁၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) ချိန်တွင် မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၊ သဖန်းပင်ရိုးကျေးရွာနှင့် (တောင်)ဆည်ကုန်းကျေးရွာများသို့ ဆီးသီး(အချဉ်မျိုး)နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
မိတ္ထီလာခရိုင်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များတွင် စိုက်ပျိုးကြပြီး၊ စိုက်ပျိုးသော ငရုတ်အမျိုးအစားများမှာ မိုးထောင်၊ သာစည်ပွ၊ ကုလားအော်ငရုတ်များကို စိုက်ပျိုးကြပါသည်၊၊ ငရုတ်ကို မေလမှ သြဂုတ်လများအထိ စိုက်ပျိုး၍ စက်တင်ဘာလမှ ဇန်နဝါရီလအထိ ရိတ်သိမ်းခူးဆွတ်ကြပြီး ထွက်ရှိသော ငရုတ်သီး အစို/အခြောက်များကို ဒေသတွင်းစားသုံးမှုအပြင် ပြည်တွင်းစျေးကွက်အနေဖြင့် ရန်ကုန်၊ မော်လမြိုင်မြို့များသို့ အဓိကတင်ပို့ကြကြောင်း၊ လက
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၉.jpg?itok=4HtFuOVL)