Main menu

ပဲခူးတိုင်းဒေသကြီးတွင် ဆန်/စပါးဈေး အနည်းငယ် မြင့်တက်

Powered by Drupal

          ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ၊ ပဲခူးတိုင်းဒေသကြီး၏ ဧည့်မထ (မိုးစပါး) ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထစပါးဈေးနှုန်း ၄၆ပေါင် တင်း၁၀၀ လျှင် ၁၁၂၀၀၀၀ကျပ်မှ ၁၁၆၀၀၀၀ ကျပ်ထိရှိခဲ့ရာမှ ယခုဇန်နဝါရီလ တတိယပတ်တွင် ၁၁၆၀၀၀၀ ကျပ်မှ ၁၁၉၆၀၀၀ကျပ် ဈေးနှုန်းဖြစ်ခဲ့သဖြင့် ဧည့်မထ စပါး ၄၆ပေါင် ၊ တင်း၁၀၀ လျှင် ၃၆၀၀၀ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဧည့်မထ ဆန်ဈေးနှုန်းမှာ ၂၅ % (၁၀၈)ပေါင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်မှ ၄၃၅၀၀ ကျပ်ရှိခဲ့ရာမှ ဇန်နဝါရီလ တတိယပတ်တွင် ဧည့်မထ ၂၅ % ဆန် (၁၀၈)ပေါင် ၄၄၀၀၀ကျပ်မှ ၄၆၀၀၀ ကျပ်ထိ ရောက်ရှိခဲ့သဖြင့် ဧည့်မထဆန် ၁၀၈ပေါင် တစ်အိတ်လျှင် ယခင်အပတ်ကထက် ယခုအပတ်တွင် ၂၀၀၀ - ၂၅၀၀ ကျပ်ထိ အသီးသီး ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည်များထံမှ သိရှိရပါသည်။

          ယခုကဲ့သို့ စပါး/ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာရခြင်းမှာ ပြည်ပသို့ တင်ပို့မည့် သင်္ဘော ဆိုက်ရောက်နေချိန်ဖြစ်သဖြင့် ရန်ကုန်ရှိ ဆန်ကုန်သည်များမှ ဧည့်မထ Export အဆင့်မီ အရည်အသွေး မြင့်ဆန်များကို ဈေးနှုန်းမြင့် ဝယ်ယူနေခြင်းကြောင့်သော်လည်းကောင်း ၊ တောင်သူများမှ စပါးနည်းပါး လာသည့်အချိန်တွင် စပါးကိုထိန်း၍ ရောင်းချနေခြင်းများကြောင့်လည်းကောင်း ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)