ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ပဲတီစိမ်းများ စတင်ထွက်ရှိကာ ပြည်တွင်းသို့ သယ်ယူပို့ဆောင်ရောင်းချလျက်ရှိပြီး ယမန်နှစ်ထက် ဈေးကောင်းရရှိလျက်ရှိ ကြောင်း ပဲ၊ ပြောင်း၊ နှမ်း ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။
ပဲတီစိမ်း ကုန်သည်များအနေဖြင့် ဒေသထွက် ပဲတီစိမ်းဝယ်ယူရာတွင် တစ်တင်းလျှင် ပွဲရုံအထိုင်ဈေး ၄၇၀၀၀/ ကျပ် ဖြင့် ဝယ်ယူလျက်ရှိပြီ အလုပ်သမားခ၊ ကားခ၊ အိတ်ခွံဖိုးနှင့် အထွေထွေကုန်ကျစရိတ် တစ်ပိဿာလျှင် ၁၆၅၀ ကျပ်နှုန်းရှိသောကြောင့် တစ်ပိဿာအရင်း ---၄၈၆၅၀/ ကျပ်ဖြစ်ပြီး ပဲခူးအထိုင်ဈေး တစ်တင်းလျှင် ၅၁၀၀၀/ မှ ၅၃၀၀၀/ ကျပ်ဖြင့် အရည်အသွေးအပေါ်မူတည်၍ ရောင်းချရသောကြောင့် တစ်တင်းအမြတ် ၂၃၅၀ ကျပ်မှ ၄၃၅၀/ ကျပ်ထိရှိကာ အကျိုးအမြတ်ရလျက်ရှိကြောင်းသိရပါသည်။
ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် ပဲတီစိမ်းဈေးမှာ တစ်တင်းလျှင်၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပိတ်ခဲ့ပြီး ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်တင်းလျှင် ၅၃၀၀၀ကျပ် (ပဲခူးအထိုင်ဈေး) ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)