ကုန်သွယ်မှုသတင်းများ
ယခု ဇန်နဝါရီလ(ဒုတိယ)ပတ်တွင် ပခုက္ကူဈေးကွက်၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများမှာ (၁)ပိဿာလျှင် ယခင်(၁)ပတ်ထက် ကျပ်(၅၀၀)ခန့်ဆက်လက်မြင့်တက်သွားကြောင်း သိရှိရသည်။ ပခုက္ကူကျွန်းဒေသစိုက်ခင်းထွက် ခရမ်းချဉ်သီးများနှင့် မုံရွာမြို့မှထွက်ရှိသော ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ(၅၀၀ မှ ၂၀၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ (ဒုတိယ)ပတ်အတွင်း မိုးကြက်သွန်နီအသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း စိုက်ပျိုးသည့်ကျေးရွာများမှ ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ဒေသအတွင်းစပါးကိုအဓိကထားစိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း ၊ ကုလားပဲ၊ ငရုတ်စသည့်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၅၀၂၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၀၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၅၀၆)ဧက၊စုစုပေါင်း(၇၁၃၃)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ငရုတ်သီးနှံကို နိုဝ
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပြောင်း၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက်မှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေကြာ(မိုး)ကို (၄၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၉၉.၀၄)တင်းခန့်ထွက်ရှိပြီး အထွက်စုစုပေါင်း (၁၅၄၄၆၅)တင်း ထွက်ရှိပါသည် ။ ဆောင်းနေကြာကို မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်မြေ ၊ ယာမြေများ၌ နိုင်ဝင်ဘာလ နှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့်စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၈.jpg?itok=-oDwQv0t)