ယခု ဇန်နဝါရီလ(ဒုတိယ)ပတ်တွင် ပခုက္ကူဈေးကွက်၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများမှာ (၁)ပိဿာလျှင် ယခင်(၁)ပတ်ထက် ကျပ်(၅၀၀)ခန့်ဆက်လက်မြင့်တက်သွားကြောင်း သိရှိရသည်။ ပခုက္ကူကျွန်းဒေသစိုက်ခင်းထွက် ခရမ်းချဉ်သီးများနှင့် မုံရွာမြို့မှထွက်ရှိသော ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ(၅၀၀ မှ ၂၀၀၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။
ယခု(၁)ပတ်အတွင်း ခရမ်းချဉ်သီး အလုံးအရွယ်အစားလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၈၀၀ မှ ၁၅၀၀)၊ လက်လီဈေး ကျပ်(၂၀၀၀ မှ ၂၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်(၁)ပတ်တွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၁၃၀၀ မှ ၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးများ ဝင်ရောက်မှု နည်းပါးသွား၍ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လာကြောင်း ခရမ်းချဉ်သီး အရောင်းအဝယ်လုပ်ကိုင်သူ ကုန်သည်ဦးတင်ကိုထံမှ သိရှိရပါသည်။
DOCA(မကွေး)