Main menu

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဇန်နဝါရီလ(ဒုတိယ)ပတ်အတွင်း ဈေးအနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ (ဒုတိယ)ပတ်အတွင်း မိုးကြက်သွန်နီအသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း စိုက်ပျိုးသည့်ကျေးရွာများမှ ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

       ယခု(၁)ပတ်အတွင်း အစောပိုင်း(၈.၁.၂၀၂၃)ရက်နေ့တွင် ကြက်သွန်နီ(၁)ပိဿာကျပ်(၂၃၀၀) အမြင့်ဆုံးဈေးဖြင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ရက်များတွင် ကုန်ဝင်များ၍  ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဇန်နဝါရီ(ဒုတိယ)ပတ်အတွင်း မိုးကြက်သွန်နီ ဈေးနှုန်းမှာ (၁)ပိဿာ လျှင်အမြင့်ဈေး ကျပ်(၂၃၀၀/ ၂၁၅၀/ ၁၉၅၀/ ၁၈၀၀/ ၁၆၀၀)၊ အလတ်စဈေး ကျပ်(၁၇၅၀/ ၁၇၂၅/ ၁၇၀၀/ ၁၆၀၀)၊ အနိမ့်ဈေး ကျပ်(၁၅၀၀/ ၁၄၀၀/ ၁၃၅၀/ ၁၂၀၀/ ၁၀၀၀)ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်ဈေးနှုန်းထက် ထိပ်စ(၁)ပိဿာလျှင် ပျမ်းမျှကျပ်(၅၀၀) နှင့် အလတ်စနှင့်အသေးစတို့ မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ ကုန်ချိန်ပျမ်းမျှပိဿာ(၃)သိန်း၊ (၈၅၇၁)အိတ်၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၄)သောင်း၊ (၁၁၄၂)အိတ်၊ မြဝတီမြို့သို့ကုန်ချိန်ပိဿာ(၆)သောင်း၊ (၁၇၁၄)အိတ်ခန့် ယခု(၁)ပတ်အတွင်း စုစုပေါင်း ပျမ်းမျှပိဿာ(၄)သိန်း၊ (၁၁၄၂၇)အိတ်၊ တန်ချိန်(၂)သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည် ဒိုင်ဈေးကွက်မှ သိရှိရသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၂၂၀၀ မှ ၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)