Main menu

“ဆောင်းနေကြာ စိုက်ပျိုးမှုနှင့်စျေးကွက်အခြေအနေ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပြောင်း၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက်မှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ​နေကြာ(မိုး)ကို (၄၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်(၉၉.၀၄)တင်းခန့်ထွက်ရှိပြီး အထွက်စုစုပေါင်း (၁၅၄၄၆၅)တင်း ထွက်ရှိပါသည် ။ ဆောင်းနေကြာကို  မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်မြေ ၊ ယာမြေများ၌ နိုင်ဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ထွက်ရှိမည်ဖြစ်ပါသည် ။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာကို ကျောက်ဆည်မြို့နယ်တွင် (၃၁၅၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄၂၇၉)ဧက၊မြစ်သားမြို့နယ်တွင်(၆၀၃)ဧက၊ စုစုပေါင်း (၈၀၃၂) ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ (ဆောင်း)နေကြာကို အခြားသီးနှံများဖြစ်သည့် ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်းတို့နှင့် သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်းကိုလည်း သီးသန့်စိုက်ပျိုးကြပါသည် ။ နေကြာစိုက်ပျိုးမှုအနေဖြင့် နေကြာတစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၂၇၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ စျေးနှုန်းအနေဖြင့် နေကြာတစ်တင်းလျှင်(၃၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)