Main menu

ဈေးကွက်အတွင်းဖြစ်ပေါ်နေသောထောပတ်သီးဈေးနှုန်း

Powered by Drupal

   ကယားပြည်နယ်တွင် ထောပတ်သီးကိုမိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပါသည်။ ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး အချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ်တွင် အသီးကုန်ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးကို တောင်ပေါ်ဒေသများဖြစ်သောရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုစသည့် ဒေသများမှမှာယူတင်သွင်းကြပါသည်။ ယခင်ဒီဇင်ဘာလအတွင်းဖြစ်ပေါ်နေသော ထောပတ်သီး ဈေးနှုန်းမှာ ထောပတ်သီးအလုံးသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံး လျှင်( ၂၅၀ ) ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်( ၃၀၀ )ကျပ်အထိသာရောင်းချလျှက် ရှိပြီး ယခုဇန်နဝါရီလအတွင်းဖြစ်ပေါ်နေသောထောပတ်သီးဈေးနှုန်းမှာ  ထောပတ်သီးအလုံးသေး တစ်လုံးလျှင် ( ၃၀၀ ) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံးလျှင်( ၃၅၀ ) ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်( ၅၀၀ )ကျပ်အထိသာရောင်းချလျှက်ရှိပြီး ယခင်လနှင့်ယခု လနှိုင်းယှဉ်လျှင် ထောပတ်သီးအလုံးသေးတစ်လုံးလျှင် (၁၀၀) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ် လုံးလျှင်(၁၅၀)ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်(၂၀၀)ကျပ်အထိဈေးနှုန်း မြင့်တက်လျှက် ရှိသည်ဟု လွိုင်ကော်မြို့ပေါ်ရှိ သစ်သီးဝလံရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)