Main menu

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

        ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ တတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ မနောသုခအသစ်တစ်ပြည်လျှင် ၂၀၀၀ ကျပ်နှင့် မနောသုခအဟောင်းတစ်ပြည်လျှင် ၂၃၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၅၀၀ကျပ်အထိ၊ ချင်းတက်တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ ငရုတ်သီးခြောက်များမှာ အမျိုးအစားအလိုက် ၁၅၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၅၀ ကျပ်၊ အသေးတစ်လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ ကျပ်၊အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ရှိပါသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင်  ၁၆၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၄၇၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၂၆၀၀၀ ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)