Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Nov 2022

     ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် နေ့စဉ်ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ဆိပ်ဖြူဒေသတွင်းနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများ နေ့စဉ် ကုန်ချိန်(၂၀၀၀၀)ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

15 Nov 2022

       ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလှိုင်လှိုင်ဝင်ရောက်၍ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

15 Nov 2022

      စားဖိုဆောင်သီးနှံအာလူးများ ပခုက္ကူမြို့မဈေးကွက်သို့ နိုဝင်ဘာလ(ပထမ)ပတ်အတွင်း ရှမ်းပြည်(အောင်ပန်း)ထွက် အာလူးနှင့် တရုတ်အာလူးများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပိဿာ(၃၀)ဝင်ဆံ့အိတ်(၃၅)အိတ် တစ်ပတ်အတွင်း(၂၄၅)အိတ် ပိဿာ(၇၀၀၀)ခန့်  နှင့် တရုတ်နိုင်ငံထွက် အာလူးများမှာ တစ်ပတ်အတွင်း ပိဿာ(၂၀၀၀)ခန့် ဈေးကွက်သို့ဝင်ရောက် လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရှမ်းပြည်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် အာလူးအရွယ်အစားလိုက်၍ လက္ကားဈေးမှာ ကျပ်(၂၀၀၀/၁၉၀၀/၁၆၀၀/၁၅၀၀)နှင့် လက်လီဈေးနှုန်

15 Nov 2022

    ကယားပြည်နယ်တွင်အခြေခံစားသုံးကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်းစားသုံးမှုလိုအပ်ချက်အရ မိထ္ထီလာ၊ မန္တလေးတိုင်း၊ မြစ်သားတို့မှ အများဆုံး တင်သွင်းကြပြီး ယခုနိုဝင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် အလုံးအလတ်တစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊အလုံးသေးတစ်ပိဿာလျှင် (၃၂၀၀)ကျပ်ခန့်အထိမြှင့်တက်လာခဲ့ပြီး ယခင် အောက်တိုဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာအလုံးက

15 Nov 2022

        ဆိတ်မွေးမြူခြင်းလုပ်ငန်း၏ တွက်ချေကိုက်မှုကို သိရှိနိုင်စေရန် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆိတ်မွေးမြူသူနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ဆိတ်မွေးမြူသူအနေဖြင့် လွန်ခဲ့သော(၅)နှစ်ခန့်မှစ၍ ဆိတ်(၃) ကောင် စတင်မွေးမြူခဲ့ရာ ယခုအချိန်တွင်ဆိတ်ကောင်ရေ(၂၃)ကောင် ပိုင်ဆိုင်ပြီဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ် အနေဖြင့် ဆိတ်ကျောင်းရန်စားကျက်ပေါများသည့်အတွက် မိမိတို့မိသားစုမှ တစ်နိုင်တစ်ပိုင် ဆိတ်ကျောင်း သည့်လုပ်ငန်း ဆောင်ရွက်နိုင်ပါက ဆိတ်ဝယ်ရသည့် ကုန်ကျစရိတ်မှလွဲ၍ ငွေကုန်ကြေးကျသက်သာပြီး အကျ

Pages