Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Nov 2022

       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများမှာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးထားရှိခဲ့ပြီး ယခုလက်ရှိတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။

21 Nov 2022

       နိုဝင်ဘာလပထမပတ်တွင် ပြည်မန်ကျည်းမှည့် အရောင်းအဝယ်အေးနေ‌ကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့မှလည်း အစွဲအေးနေတယ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီ အရောင်းဆိုင်များ၏ လိုသလောက်ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်း အဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ နိုဝင်ဘာ ပထမပတ် မန်ကျည်းမှည့်လက်ကားဈေး တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး လက်လီဈေးများတွင် တစ်ပိဿာ ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။

18 Nov 2022

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုအဓိက ထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ယခင်( ၂၀၂၁ - ၂၀၂၂ ) ခုနှစ်တွင် (၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ခုနှစ်တွင် ( ၁၄၃၇၉၆ )ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် မိုးစပါးများ အောင်မြင် ဖြစ်ထွန်း လျှက်ရှိပါသည်။ မိုးရွာသွန်းမှုကောင်းသောနှစ်ဖြစ်သောကြောင့် ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမ

18 Nov 2022

     ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၂)သိန်းကျော်စိုက်ပျိုးပြီး၊ ဧက (၃)သောင်းကျော် ရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပြည်ခရိုင်တွင်  ဈေးကောင်းရပြီး အရောင်းသွက်နေသော မှော်ဘီ၊ ကျောက်ရွေး၊ အင်းမစပါးများ ထွက်ရှိမှုမရှိသေးဘဲ စပါးအရင်ဖြစ်သော မိုးစပါးအသစ်မှာ ပြည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်များတွင်သာ ထွက်ရှိနေပြီး မိုးစပါးသစ်ဈေးနှုန်းမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ယခင်လက ၁၀၀၀၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလဆန်းတွင် ၁၀၅၀၀၀၀ကျပ်ဖြင့် တင်း၁၀၀လျှင် ၅၀၀၀၀ကျပ် ဈေးမြင့်တက်လာခဲ့ပါသည်

18 Nov 2022

   ပြည်ဈေးကွက်တွင် ငရုတ်သီးခြောက်များလက်ကျန်နည်းနေသဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလအထိ ငရုတ်ပုတစ်ပိဿာလျှင် ၇၀၀၀-၇၃၀၀ကျပ်၊ ငရုတ်ရှည် တစ်ပိဿာလျှင် ၄၅၀၀-၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး၊ မေလကုန်ပိုင်းတွင်စ၍ ဈေးများမြင့်တက် လာခဲ့ကာ ငရုတ်ပုတစ်ပိဿာလျှင် ၇၃၀၀-၈၅၀၀ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျင် ၅၀၀၀-၅၅၀၀ကျပ် အထိဈေးမြင့်တက်လာခဲ့ပါသည်။ ဇွန်လတွင် ငရုတ်ပုဈေး အနည်းငယ်ပြန်ကျ လာခဲ့ပြီး တစ်ပိဿာလျင် ၇၃၀၀ကျပ်ရှိခဲ့ပါသည်။ ငရုတ်ရှည်ဈေးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဈေးဖြင့် အနည်းငယ်

Pages