ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့တွင် အောက်တိုဘာလစတုတ္ထပတ်မှ စတင်၍ မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သောဝါးဥများ ရောင်းချလျက်ရှိပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် ရှမ်းပြည်ဘက်မှလာသော ဝါးဥ နှင့် ရွှေတောင်မြို့နယ် ဘက်မှလာသော ဝါးဥဆိုပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းပြည်ဘက်မှ ဝင်ရောက်လာသော ဝါးဥမှာ တစ်ပိဿာ လျှင် ၁၇၀၀ကျပ် နှင့် ရွှေတောင်မြို့ဘက်မှ ဝင်ရောက်လာသော ဝါးဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီ
ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ မှော်ဇာတို့ ဘက်မှထွက်ရှိသော ဒေသထွက်ကုန်မုန်လာဥများ ရောင်းချလျက်ရှိပါသည်။ ယခုအခါ မုန်လာဥများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်သောကြောင့် စားသုံးသူများမှာ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသောက် ကြပါသည်။ မုန်လာဥဈေးများမှာ ဥအကြီး တစ်စီးလျှင် ၄၀၀ကျပ်၊ မုန်လာဥအလတ် တစ်စီးလျှင် ၃၀၀ကျပ်၊ မုန်လာဥအသေးတစ်စီးလျှင် ၁၀၀-၂၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.5.jpg?itok=ijn0zbFv)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေပြုပြီးနေထိုင်သော နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၈၀% သည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုး၍ နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြသည်။ သီးနှံများထဲမှ ကြက်သွန်နီ သီးနှံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် တဖက်တလမ်းမှ နိုင်ငံ့စီးပွားရေးကို အထောက် အပံ့ ဖြစ်စေသည်။ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက်သာမကဘဲ ပြည်ပပို့ကုန်အဖြစ် အများဆုံး ကုန်သွယ်မှုလုပ်ငန
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကြက်သွန်နီ မကွေး.jpg?itok=E0dmOAbx)
ပြည်ခရိုင်၊ ပြည်မြို့တွင်းရှိ ဈေးများတွင်ရောင်းချလျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် မြေပဲဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်၆၈၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်လတွင် မြေပဲဆီ တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင်၇၅၀၀ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့ပြီး၊ ဧပြီလတွင် မြေပဲဆီဈေးငြိမ်နေ၍ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့သလို စားအုန်းဆီတစ်ပိဿာလျှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/oil_6.jpg?itok=o_CxHpO4)
ပြည် မတ်ပဲသီးနှံအနေဖြင့် ပဲဈေးကွက်တွင် ဈေးလျော့ကာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်အောက်တိုဘာလအတွင်းက လဆန်းရက်တွင် ပဲတစ်တင်း ကျပ်၆သောင်းအောက် ဈေးလျော့ပြီး လလယ်တွင် ကျပ်၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ကာ လကုန်ပိုင်းတွင် ပဲဈေးများ ပြန်လည် ကျဆင်းခဲ့ပါသည်။ ထို့ကြောင့် နိုဝင်ဘာလဆန်းတွင် ပဲတစ်တင်း ၅၇၅၀၀ကျပ်ဖြင့် ပဲလက်ကျန်များ ရန်ကုန်ဝယ်လက် အဝယ်ရှိမှုအပေါ် အိတ်၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခု ကာလသည် ပဲစိုက်ပျိုးချိန်ဖြစ်သဖြင့် မျိုးပဲများလည်း အဝယ်ရှိခဲ့သလို ယခ