ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ ဆောင်းပဲသစ်ဖြစ်သော ပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်မှစ၍ ဝင်ရောက်လာခဲ့ပြီး ယခုရက်တွင် ပဲအထွက်လှိုင်လာပြီဖြစ်၍ ပဲဝင်ရောက်မှုများလာခဲ့ပါသည်။ တစ်ရက်အိတ် ၄၀၀/၅၀၀ကျော် ပြည်အနီးတဝိုက်ဒေသများနှင့် မင်းတုန်း၊ ကံမဖက်မှလည်း ဝင်ရောက် လာခဲ့ကြောင်း သိရှိရပါသည်။ ပဲဈေးမှာတစ်တင်း ၄၆၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ထိ ပဲအရည်အသွေးပေါ် လိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြောင်း သိရှိရပါသည်။ မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမှု ရှိသလို ရန်ကုန်ဝယ်လက်သမားအချို့လည်း ဝယ်ယူမှု့ရှိကြောင်း သိရှိရ
ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော လက်လီပဲသီးနှံများထဲတွင် စားတော်ပဲသီးနှံ သည် ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိနေခဲ့ပါသည် ။ ပဲတစ်တင်း ၁၂၀၀၀၀ကျပ်ဖြင့် လက်လီ သမားနေ့စဉ်ဝယ်ယူခဲ့သောကြောင့် တစ်ရက်အိတ် ၂၀ကျော် ပုံမှန်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ စားတော်ပဲသီးနှံသည် ပဲဝင်ရောက်မှုမရှိသော်လည်း လှောင်သမားများရှိခဲ့သည့်အတွက် လက်လီ ဝယ်ယူမှုအပေါ် လိုသလောက်ရောင်းချနိုင်သော ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးရနေသောကြောင့် ယခင်
ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမှ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပတ်လျှင် ပိဿာ ၃၀ ဝင်ဆံ့သော အိတ် ၅၀-၁၀၀ အတွင်း အဝင်ရှိပြီး အရောင်းသွက်လျင် အမှာရှိသလောက် အဝင်ရှိကြောင်းနှင့် ကြူကုတ်မှာ ၁၃-၁၄ ပိဿာဝင်ဆံ့ပြီး တစ်ပတ်လျှင် အိတ် ၂၀၀ - ၃၀၀ခန့် မန္တလေးဘက်မှ အဝင်ရှိကြောင်း သိရှိရသည်။ အောက်တိုဘာလထဲတွင် ကထိန်အလှူများရှိနေ သည့်အတွက် ပြည်မြို့နယ်အတွင်း ယခင်ထက် အရောင်းသွက်လျက်ရှိခဲ့ကာ အခြားမြို့များမှလည်း ပုံမှန်ထက်ပို၍ အမှာများရှိခဲ့ကြောင်း သိရှိရပါသည်။ ပြည်ဈေးက
နိုဝင်ဘာပထမပတ်တွင် ပွဲရုံများသို့ တစ်နေ့လျှင် ချင်းအိတ် ၅၀/၆၀ခန့် ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓါတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်း ငယ်ကျလာကြောင်း သိရှိရပါသည်။ ကထိန်ရာသီတွင် ဒါးလှီးချင်းသမားတို့ အဝယ်လိုက်ခဲ့ကြောင်း လည်းသိရှိရပါသည်။ နိုဝင်ဘာပထမပတ် ချင်းတစ်ပိဿာလျှင် ပွဲရုံဈေး ၁၅၀၀-၁၆၀၀ကျပ်ဖြစ်ကာ ၎င်းဈေးသည် အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စားဝတ် နေရေးအဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီတွင် မြို့သစ်မြို့ ၊ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အခြေခံစားကုန်ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မကွေး2.jpg?itok=3Xknt5aL)