ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် မိုးစပါးများ အနည်းငယ် စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဆန်/စပါးဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် နိုဝင်ဘာလ(တတိယ)ပတ်၌ ဈေးအေးနေခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝက်လက်မြို့နယ် တာဝန်ခံ ဦးမျိုးအောင်သည် အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာရှိ ငွေယမင်း ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဆန်/စပါး လက်ကျန် အခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအန
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးများမှာ အောက်တိုဘာလကုန်ပိုင်းတွင် ကျဆင်းလျက်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၆၂၀၀၀-၆၂၅၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းကို ၅၇၅၀၀-၅၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့ပါသည်။
ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် အောက်တိုဘာ စတုတ္ထအပတ်က ၃၆၀၀ကျပ် ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ၄၀၀၀ ကျပ်ဖြင့် တစ်ပိဿာလျှင် ၄၀၀ကျပ်ခန့် ဈေးကျလာခဲ့ပါသည်။ စားအုန်းဆီဈေးနှုန်းများမှာ အောက်တိုဘာ စတုတ္ထအပတ်က တစ်ပိဿာလျှင် ၇၅၀၀ကျပ်ထိဈေးရှိသော်လည်း ယခုနိုဝင်ဘာလ ဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၁၀၀၀ခန့်ဈေး ကျလာခဲ့ပါသည်။ ကြက်သွန်ဖြူရှမ်းနှင့် ကြူကုတ်ဈေးမှာ တစ်ပိဿာလျှင် လက်ကားဈေး ၄၀၀၀ကျပ်၊ လက်လီ တစ်
ပြည်မြို့၏ နနွင်းဈေးကွက်မှာ ဈေးငြိမ်နေပြီး အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ နနွင်း ဝင်ရောက်မှုမရှိဘဲ ပွဲရုံများတွင် လက်ကျန်နနွင်းများသာရှိပြီး ဝယ်လက်နည်းသွားသဖြင့် ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ယခုနိုဝင်ဘာလလဆန်းပိုင်းတွင် နနွင်းဈေးများမှာ နနွင်း အတက်ကြီး တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ အတက်အလတ် တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အတက်အသေး အညှပ် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလအတိုင်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။