ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ပါရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်၌ (၁.၈.၂၀၂၂)မှ (၈.၉.၂၀၂၂) ရက်အတွင်း စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင်(၉၅၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်း (၁၅)ပိဿာလျှင် (၈၅၀၀၀)ကျပ် နှင့် ယခုအပတ် (၁၂.၉.၂၀၂၂)ရက်နေ့တွင် စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင် (၁၀၁၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၃၀၀၀) ကျပ်၊ နှ
မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့ရှိ ကျေးရွာတချို့တွင် သဘာဝပေါက်ပင်ကထွက်ရှိသော တောထန်းမြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ စျေးရရှိနေကြာင်း ဒေသခံများမှ သိရပါသည်။
သြဂုတ်လ နောက်ဆုံးအပတ်ကစပီး တူးဖော်ရောင်းချနေသော ဒေသခံတွေကို တောထန်းမြစ် အစိုတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင် ပေးပြီး အခြောက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ အထိစျေးကောင်းပေးဝယ်နေသည်ဟု သိရသည်။
မိတ္ထီလာခရိုင်အတွင်း ငရုတ်စိုကိုဒေသတွင်းစားသုံးရန် အဓိကစိုက်ပျိုးပြီး ပိုလျှံမှုကို အခြားဒေသများသို့ အနည်းငယ်သာတင်ပို့မှုရှိပါသည်။ငရုတ်စိုကို ခရိုင်အတွင်းမိုးစိုက်အနေနှင့် မိတ္ထီလာမြို့နယ်တွင် (၂၅၀၀) ဧကကျော် စိုက်ပျိုးကာ တစ်ဧကအထွက်နှုန်း (၄၇၅) ပိဿာကျော် ထွက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ စားသုံးသူပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို စက်တင်ဘာလ (၁၀)ရက်နေ့၊ နေ့လယ်(၁၅)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဘို
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၄၀၀၀၊ တန်အားဖြင့် ၆၂၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆ