ကုန်သွယ်မှုသတင်းများ
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါး ၆၇၂၇၇၃ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်ဧက ၆၇၀၁၃၃ဧကရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင် ၈၂.၂၃တင်းနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၅၅၁၀၇၂၈၉တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
၁၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
မြန်မာနိုင်ငံတွင် ၁၉၉၅-၁၉၉၆ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ်ဝါသီးနှံစိုက်ဧက (၇)သိန်းမှ (၈)သိန်းကျော်ထိ စိုက်ပျိုးခဲ့ကြပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီး ဝါစိုက်ပျိုးဧကလျော့ကျလာကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝါစိုက်ပျိုးဧက (၄)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဝါသီးနှံအနေဖြင့် တစ်ဧကအထွက်နှုန်းနှစ်ဆကျော် တိုးတက်လာသော်လည်း ဝါစိုက်ပျိုးမှုတိုးတက်လာစေရေးနှင့် ရေရှည် တည်တံ့ခိုင်မာသော ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဉဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီများ ထုတ်လုပ်ရောင်းချရောင်းချရာတွင် စားသုံးဆီအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပုဒ်မ၂(ဇ)အရ ထုတ်လုပ်မှုဖြစ်စဉ်
မော်လမြိုင်မြို့၌ ယခုလဖေဖော်ဝါရီဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်းသိရှိရသည်။ ဈေးကွက် ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၄၀၀၊ ဆင်(ထိုင်း) ကျပ်၉၅၀၀ ၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၈၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမ