ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထွက်ရှိသော စိုက်ပျိုးသီးနှံများသည် ပြည်တွင်းစားသုံးရန် သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်လုပ်နိုင်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေများ နှစ်စဉ်ရယူပေးနေသော လုပ်ငန်းတစ်ရပ်ဖြစ်ပေရာ နိုင်ငံ၏ ၆၀ရာခိုင်နှုန်းသောGDPသည် လယ်ယာစိုက်ပျိုးရေး အပေါ်မှီတည်နေသကဲ့သို့ ၆၅ ရာခိုင်နှုန်းသော လုပ်သားအင်အားမှာ လည်းလယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်း ဆန်စပါးကို စိုက်ပျိုးဧက
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအနေဖြင့်၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင်(၁၅၆,၄၅၅)ဧက၊၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၅၂,၇၉၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉,၁၅၆)ဧက၊ မြစ်သားမြို့နယ်တွင်(၆၁၂၈၇)ဧက ၊ တံတားဦးမြို့နယ်တွင် (၁၃,၄၆၅)ဧက၊ စုစုပေါင်း(၁၅၆,၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက် (၂၅၂)ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ ပါသည်။ ယခုအချိန်တွင် မိုးစပါးများ ရိတ်သိမ်းနေပြီဖြစ်ရာ ကျောက်ဆည်မြို့နယ်တွင်(၂၄,၂၈၁)ဧက ၊ မြစ်သားမြို့နယ်တွင်(၂၀၅)ဧက ၊ တံ
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၈.၁၂.၂၀၂၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်၌ ကျောက်တန်းဖြူကျေးရွာ မြေပဲစိုက်တောင်သူ ဦးအောင်ဇော်မြင့် စိုက်ဧက (၄.၅၀) ဧက စိုက်ပျိုးသူနှင့် တွေ့ဆုံပြီး တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၁၁.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတတိယပတ်တွင် စပါးစျေး အနည်းငယ်မြင့် လာသော်လည်း ဆန်စျေးမှာစျေးငြိမ်နေခဲ့ပါသည်။ ပြည်ခရိုင်ရှိမြို့နယ်များမှ ရန်ကုန်သို့ အများဆုံး တင်ပို့မှုရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ ၃၈၀၀၊ တန်ချိန် ၁၉၀ထိ တင်ပို့ရောင်းချမှု ရှိကြောင်းသိရ ပါသည်။ ပြည်ခရိုင်မြို့နယ်များအတွင်း ဖြစ်ပေါ်နေသောစပါးစျေးနှုန်းများမှာ ဧည့်မထအုပ်စု စပါးတင်း ၁၀၀လျှင် ၆၅၀၀၀၀-၆၆၀၀၀၀ ကျပ်၊ မှော်ဘီစပါးအုပ်စုမှာ ၇၁၀၀၀၀ ကျပ်၊ ဒေသထွက် တောင်ပျံပေါ်ဆန်းစပါးစျေးမှာ ၈၅