Main menu

“မလှိုင် မြေပဲစျေးကွက်’’

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၈.၁၂.၂၀၂၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်၌ ကျောက်တန်းဖြူကျေးရွာ မြေပဲစိုက်တောင်သူ ဦးအောင်ဇော်မြင့် စိုက်ဧက (၄.၅၀) ဧက စိုက်ပျိုးသူနှင့် တွေ့ဆုံပြီး တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မလှိုင်မြို့နယ်အနေဖြင့် မြေပဲစိုက်ဧကမှာ (၂၈၁၂၀) ဧကရှိပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စတင် စိုက်ပျိုး၍ နိုဝင်ဘာလ- ဒီဇင်ဘာလတွင်ပဲနှုတ်ပဲဆွတ်ကြောင်း၊မြေပြုပြင်စိုက်ပျိုးခြင်း၊ ပဲနှုတ်ရိတ်သိမ်းခြင်းတို့ အတွက် ကုန်ကျစရိတ် (၁၉၀,၀၀၀)ကျပ် ဝန်းကျင်ကုန်ကျပြီး၊ သွင်းအားစုအနေဖြင့် မျိုးကွန်ပေါင်း၊ ပိုးသတ်ဆေး၊ အပင်အားဆေးတို့မှာ (၁၁၀,၀၀၀) ကျပ် ဝန်းကျင်ကုန်ကျကြောင်း မြို့ပေါ်ပွဲရုံများသို့ အတောင့်အတိုင်းသာ ရောင်းချကြပြီး တစ်တင်းလျှင်(၁၀,၀၀၀/၁၁,၀၀၀)ကျပ်ရရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၅,၀၀၀)ကျပ် ဝန်းကျင် သာရရှိကြောင်း သိရှိခဲ့ရပါသည်။
မလှိုင်မြို့နယ်၏ မြေပဲစျေးနှုန်းမှာ ယခင်နှစ်ကာလတူမှာလည်း တစ်တင်းလျှင် (၁၀,၀၀၀/၁၁,၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ယခုနှစ် စိုက်ပျိုးသော မျိုးများမှာ ဆင်းပဒေသာ(၁၁)၊ မကွေး (၁၂)၊ မကွေး (၁၀)တို့ဖြစ်ပြီး မြေပဲပွဲရုံ ဦးဌေးဝင်းနှင့် တွေ့ဆုံရာ မြေပဲအတောင့်ကို ကြိတ်ခွဲ၍ထွက်ရှိသော အဆံကို မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ အတောင့် တစ်ပိဿာလျှင် အဆံ ၇၀ ကျပ်သားရရှိပြီး၊ လုံးဆံ တစ်ပိဿာ (၃၀၀၀) ကျပ်၊ ဆီဆံ (အခြမ်းပါ) တစ်ပိဿာ (၂၈၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မန္တလေးတိုင်းဒေသကြီး