ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း ၊ ကြောင်လျှာ ပွင့်ခြောက်သည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်တွင် စပါးဈေးငြိမ်နေကြောင်း သိရသည်။မိတ္ထီလာခရိုင်အတွင်း နှစ်စဉ်မိုးစပါးဧက တစ်သိန်းကျော်စိုက်ပျိုးရာမှာ ဝမ်းတွင်းမြို့နယ်တွင် ဧက (၆၀၀၀၀)ခန့်နှင့် ထက်ဝက်ကျော်စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရာတွင်လည်း ဒေသရာသီဥတုနဲ့ လျော်ညီတဲ့ မနောသုခမျိုးကို မိုးစပါးအနေနဲ့ အများဆုံးစိုက်ပျိုးကြပါသည်။ နွေစပါးကိုတော့ ဆည်ရေ ရရှိတဲ့ကျေးရွာအချို့မှာ သက်နုစပါးဖြစ်တဲ့ရက်(၉၀)၊ ရွှေသွယ်ရင်စပါးကိုစိုက်ပျိုးကြရာ ပြီးခဲ့သည့် နွေစပါးရာသီက မိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာမှ လာရောက် ရောင်းချလျက်ရှိကြောင်း၊ အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုး ရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၇၀၀)ကျပ်၊ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၆၁၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။