Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

28 May 2025

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ပိတ်ချင်းရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက် ရောင်းချ ခြင်ဖြစ်ပါသည်။ ပိတ်ချင်းရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ကာ အရွက်တင်မက ပိတ်ချင်းသီးသည်လည်း ဆေးဘက်

28 May 2025

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစု စားဝတ် နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

28 May 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့   မြင့်တက်လျက်ရှိပါသည်။

28 May 2025

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

Pages