Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Dec 2023

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ နွယ်ခွေရပ်ကွက်၊ ပျဉ်ထောင်တွင်းလမ်းတွင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သော Aster အမှတ်တံဆိပ် ဆန်မုန့်လုပ်ငန်း လုပ်ကိုင်သောနေရာသို့ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်ဝန်ထမ်းများသည် (၂၂-၁၂-၂၀၂၃)ရက်နေ့တွင် မုန့်လုပ်ငန်းရှင် ဦးနေလင်းဦးနှင့်တွေ့ဆုံ၍ လုပ်ငန်းလည်ပတ်ပုံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။

27 Dec 2023

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းအခြေအနေမှာ  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ   နောက်ဆုံးပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၂၃၀၀/ကျပ်ခန့်ရှိခဲ့ရာမှ ဒီဇင်ဘာလ ပထမပတ်၌ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၅၅၀၀/ကျပ်ခန့်ထိမြင့်တက်သွားပြီး ယခုဒီဇင်ဘာလ တတိယပတ်တွင်မူ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၄၀၀၀/ကျပ်ခန့်ထိ ပြန်လည်ကျဆင်းခဲ့သဖြင့် မတ်ပဲဈေးနှုန်းမှာ အတက်/အကျဖြစ်ပေါ်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျက်ရှိပါ သည်။

27 Dec 2023

    ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားလိုက် (လိတ်စ၊ လတ်စ၊ နှိပ်ခ) များတွင် ဧည့်မထ တစ်ပြည်လျှင် (၃၄၀၀-၃၆၀၀) ကျပ်ထိ၊ မီးဒုံးဆန်(ရိုးရိုး) တစ်ပြည်လျှင် (၄၀၀၀-၄၂၀၀) ကျပ်ထိ၊ တောင်ပျံ(ရိုးရိုး) တစ်ပြည်လျှင် (၄၄၀၀-၄၅၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် (၅၂၀၀-၅၄၀၀) ကျပ်ဖြင့်  ယခုအပတ်တွင် (၅၀၀၀) ကျပ်ဈေးကျသွားပြီး ပဲဆီ တစ်ပိဿာလျှင် ယခင်အပတ်တွင် (၁၇၀၀၀) ကျပ်၊ ယခုအပတ်တွင် (၁၆၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ

27 Dec 2023

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ် (၁၃၅၀၀) မှ ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်  တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)ဖြစ်ပြီး၊ ပဲရောဆီ တစ်ပိဿာကျပ်(၉၀၀၀)၊ နှမ်းဆီ တစ်ပိဿာကျပ်(၁၃၀၀၀)၊ စားအုန်းဆီ တစ်ပိဿာကျပ် (၅၃၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

27 Dec 2023

          ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စုရှိ ပဒေ သာကျွန်း၊ ကြံခင်းစု၊ ဘိုးဘိုးကုန်း၊ ကျွန်းညို၊ ကန်သာယာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ ပဒေသာကျွန်းကျေးရွာ၌ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် အခြား စားပင်သီးပင်များကို ရာသီအလိုက်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပဲငပိနှင့် CP ပြောင်းကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

Pages