ကုန်သွယ်မှုသတင်းများ
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဈေးကွက်များတွင် ငရုတ်ခြောက် (အရှည်)ဈေးနှုန်း (၂)မျိုး ကွဲပြားမှုရှိနေသည့် အနေအထားကိုတွေ့ရပါသည်။ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်သည့် ငရုတ်ခြောက် နှင့် ရှမ်းတောင်(အောင်ပန်း)ဈေးကွက်မှ ဝင်ရောက်သော ငရုတ်ခြောက်တို့ အရောင်၊ အရည်အသွေးနှင့် အရွယ်အစားအနေအထားတို့အရ ဈေးနှုန်းကွာခြားမှုကို တွေ့ရပါသည်။ မန္တလေးတိုင်းမှ ဝင်ရောက်မှုနှင့် ဒေသတွင်း ထွက်ရှိမှုတို့တွင် အရောင်၊ အရည်အသွေးကျဆင်းမှုကြောင့် သုံးစွဲမှုနည်းပါးခဲ့ပြီး ဈေးနှုန်း နိမ့်ကျ မှုအနေအထား ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေပဲနှင့်နှမ်း စိုက်ပျိုးထားရှိမှုများတွင် အပင်ပေါက် အနေအထား ကောင်းမွန်မှုများကို တွေ့ရှိနေရပါသည်။ နှမ်း စိုက်ပျိုးမှုအနေအထားတွင် ယခင်နှစ် စိုက်ပျိုးမှုထက် ပိုမိုနေသည့်အခြေအနေတွင် တွေ့ရှိနေရပါသည်။ ဒေသတွင်း မြေပဲဆီ ကြိတ်ခွဲထုတ်လုပ်ရန်အတွက် မြေပဲဆံရရှိမှုမှာ ဒေသတွင်းမှပင် ရရှိနေပြီး ဈေးနှုန်းအနေဖြင့် မြင့် တက်မှု အနည်းငယ်ရှိခဲ့သည်ကို တွေ့ရပါသည်။ နှမ်းဆီ ကြိတ်ခွဲထုတ်လုပ်မှုတွင် နှမ်း(နီ) ဈေးနှုန်း တည်ငြိမ်မှုရှိနေသည်ကို တွေ့ရပါသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၂.၅.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၂၉၀၀၀) ကား (၉၁) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင

၂၂.၅.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ်(ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၀၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၅၀၀/၁၈၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ် ၁၄၀၀/၁၇၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၃၀၀/၁၆၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၈၀၀/၁၀၀၀၊ မြင်းခြံ (သစ်) (ရှယ်)ကျ

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၂.၅.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံး
