Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2025

   ဒူးရင်းသီးများထွက်ရှိရာဒေသများဖြစ်ကြသည့် တောင်ငူ၊ သံတောင်၊ သထုံ၊ ကျိုက်ထို၊ မော်လမြိုင်တို့မှထွက်ရှိသည့် ဒူးရင်းသီးများ မန္တလေးသစ်သီးမျိုးစုံဆိုင်များသို့ ဝင်ရောက်လျက်ရှိသည်။ ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အလျောက် ဈေးကောင်းလျက်ရှိသည်။ ဒူးရင်းသီး အမျိုးအစား(၂)မျိုးရှိရာ ယိုးဒယားဒူးရင်းသီးနှင့် ဗမာဒူးရင်းသီးမျိုးတို့ဖြစ်ကြပြီး ယိုးဒယား ဒူးရင်းသီးမှာ အလုံးကြီးပြီး အဆံကြီးသည့် အမျိုးဖြစ်၍ ဗမာသီးမှာ အလုံးသေးသည့်အလျောက် အဆံလည်း သေးသည်။ ဒူးရင်းသီးကို အလုံးလိုက်သော်လည်းကော

28 May 2025

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ရာသီပေါ်ကြံသကာများလည်း ရောင်းချနေကြောင်း သိရသည်။

28 May 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖ ရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

28 May 2025

   မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

28 May 2025

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခု မေလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၃၀၀-၆၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာ

Pages