Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2025

    ခရမ်းချဉ်သီးသည် နေ့စဉ် ဟင်းလျာထဲတွင် မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ကယားပြည်နယ်အတွင်းသို့ အများဆုံးဝင်ရောက်သောခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသထွက်အသီးများဖြစ်သည်။ ဈေးကွက်အတွင်း တွေ့ရသော ခရမ်းချဉ်သီးမှာ ခေါင်းစိမ်း၊ အင်းသီး၊ ဗမာသီး(ခေါ်)ရွှေဖရုံသီးများဖြစ်ကြပါသည်။ အင်းသီးကတော့ အများဆုံး ဝင်ရောက်ပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ် ၂၅၀၀ မှ အမြင့်ဆုံးဈေး ၃၀၀၀ ကျပ်ထိ ဈေးနှုန်းပေါက် လျက်ရှိပါသည်။

28 May 2025

     လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော ဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် မြေပဲဆီ (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၇၃၀၀)ကျပ်တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျင်း (၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၆၈၀၀)ကျပ်၊

28 May 2025

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၌  မေလတတိယပတ်တွင် ဈေးကွက်အတွင်း သရက်သီး အမျိုးအစား အများအပြားတွေ့ရှိရပါသည်။ ၎င်းသရက်သီးများအား မန္တလေးမြို့မှ မှာယူရောင်းချရသည့် အသီးများရှိသကဲ့သို့ ပြည်နယ်တွင်းထွက်ရှိသော သရက်သီးများလည်းရှိပါသည်။ မိုးဦးရာသီသရက်သီးများလှိုင်လှိုင်ပေါချိန်ဖြစ်၍ သရက်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိပါသည်။ လွိုင်ကော်ဈေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးမှ မှာယူတင်သွင်းသော စိန်သလုံးသရက်သီးများမှာ ဈေးကောင်းရလျက်ရှိပြီး(၁)လုံးလျှင် ကျပ်(၅၀၀)မှ (၁၀၀၀)ခန့် ရရှိကာ

28 May 2025

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အခြေအနေအရပ်ရပ်ကြောင့် သီးနှံစိုက်ပျိုးမှု နည်းပါးခဲ့သော်လည်း ယခုအခါ ဒေသထွက်သီးနှံများကို ဈေးကွက်အတွင်း စတင်တွေ့ရှိလာပါသည်။ ယခင်သီးနှံအများစုကို တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင်တို့ဘက်မှ အများဆုံး မှာယူရောင်းချရပြီး အဆင့်ဆင့်သယ်ယူရသည့်အတွက် သီးနှံများ ဈေးနှုန်းအတက်အကျ အပြောင်းအလဲများ ရှိပါသည်။ ယခုအခါ လွိုင်ကော်မြို့အတွင်းရှိ မှုံပြာကျေးရွာ၊ နမ့်ဘော်ဝမ်ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်များတွင် ဒေသခံများပြန်လည်စိုက်ပျိုးသဖြင့် သခွာ

28 May 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

Pages