Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2025

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်းတို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော် ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကုလားပဲ

28 May 2025

    မကွေးတိုင်းဒေသကြီးသည် စပါးကိုဆည်ရေရရှိသော တောင်တွင်းကြီး၊ မြို့သစ်နှင့် ဧရာဝတီမြစ်အနောက်ဖက်ရှိ ပွင့်ဖြူနှင့် စလင်းမြို့များတွင် အများအပြားစိုက်ပျိုးကြသော်လည်း ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်းသွင်းရပါသည်။

28 May 2025

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုမေလတွင် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲတွင် မရှိမဖြစ်သောအရာသည် ဘိလပ်မြေဖြစ်ပြီး ဘိလပ်မြေလိုအပ်ချက်များအား ပြည်တွင်းဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်မှုများအပြင် ပြည်ပဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်သွင်းပြီး ဝယ်ယူကြကြောင်း သိရှိရပါသည်။ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေများ ဖြစ်သည့် ဆင်နီ (ထိုင်း) တစ်အိတ်လျှင် ၃၀,၀၀၀ ကျပ်၊ ကြံ့

28 May 2025

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသော သီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့် တခြားဈေးငယ်များသို့ ပို့ဆောင်ပြီး ရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ရုံးပတီသီးစားပေးခြင်းဖြင့် ဆီးချိုရောဂါနှင့် အခြား

28 May 2025

      စားဖိုဆောင် ဟင်းသီးဟင်းရွက်ဖြစ်သော ဖရုံညွန့်ကို ယခုပတ်ဈေးကွက်အတွင်း စတင်တွေ့ ရှိရပြီး ဟင်းအချိုရည်သောက် ချက်စား၍ သော်လည်ကောင်း၊ တဖန် ဖရုံရွက်ကို ပင်စိမ်းနှင့် ကြောင်၍ သော်လည်းကောင်း၊ အမျိုးမျိုးချက်၍ စားသောက်နိုင်ပါသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်၍( ၅) ညွန့်ပါ တစ်စည်းလျှင် ကျပ် ( ၇၀၀ ၊ ၁၀၀၀ )ဖြင့်ရောင်းချလျက်ရှိပါသည်။ ဖရုံညွန့်ကို ဒေသအတွင်း အနည်းငယ်သာထွက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ အောင်ပန်းနှင့် ပင်လောင်းမြို့တို့မှ တဆင့်ဝယ်ယူရောင်းချလျက်ရှိပါသည်။

Pages