ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဒုဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် (၁၆.၁.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နှင့်(၃)မိုင်ခန့်အကွာအဝေးရှိသော အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးပေးလျှက်ရှိပြီး ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာခဲ့သော မြန်မာ့ရိုးရာလက်မှုပညာ ဝါးဖြင့်ပြုလုပ်သော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တောင်သူများသည် မိုးစပါးကို စားသုံးရန်အတွက်သာ အဓိကထားစိုက်ပျိုးကြပြီး မိုးအစေ့ထုတ်ပြောင်းများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ မြဝတီခရိုင်အတွင်း ၂၀၂၁ခုနှစ် မိုးရာသီတွင် အစေ့ထုတ်ပြောင်း ဧကငါးသောင်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ မိုးအစေ့ထုတ်ပြောင်းကို စိုက်ဧက ၅၀၉၃၇ ဧက၊ ရိတ်ဧက ၅၀၈၄၉ ဧက၊ အထွက်နှုန်း ၈၉.၃၅တင်း၊ အထွက်တင်း ၄၅၄၃၃၅၈ တင်းထွက်ရှိခဲ့ပါသည်။ ယခင်၂၀၂၀ခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧက (၅၀၉၃

သန်လျင်မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၁၃)ဧက၊ အစေးလှီး ဧရိယာမှာ (၁၇၀၃၄၅)ဧက၊ အထွက်နှုန်းမှာ (၇၂၀.၉၁)ပေါင် ရှိပြီး တစ်နှစ်စာ ပျှမ်းမျှအထွက်တန်မှာ (၅၅၇၀၄) မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်အနေဖြင့် အမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်းထုတ်လုပ်နိုင်သည့် အခြေခံကောင်းများစွာ ရှိနေသော နိုင်ငံဖြစ်ပါသည်။ ယင်းကဲ့သို့ အမယ်ပေါင်းများစွာသော လယ်ယာထွက်ကုန်များအနက် ပီလောပီနံသည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေအခြေခံကောင်းများ ရှိသည့်အခြေအနေတွင်ဖြစ်ပြီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက ပြည်ပပို့ကုန်အဖြစ် အလားအလာရှိနေသည့် ထုတ်ကုန်တစ်ခုဖြစ်သည်ကို နိုင်ငံတကာစာတမ်းများအရ သိရှိရပါသည်။
