Main menu

တောင်ငူမြို့တွင် သင်္ကြန်အပြီး သစ်သီးများဈေးတက်

Powered by Drupal

     တောင်ငူမြို့တွင် သင်္ကြန်မတိုင်မီ ဧပြီလ ပထမပတ်က လိမ္မော်သီး တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ရှိရာမှ သင်္ကြန်ပြီးသည့် ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊  စပျစ်သီး မှာ ဧပြီလ ပထမပတ်က အလုံးသေး တစ်ပိသာလျှင် ၇၀၀၀ ကျပ်၊ အကြီးအလုံးလှ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အလုံးသေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အလုံးကြီး အလုံးလှ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စတော်ဘယ်ရီသီးမှာ ဧပြီလ ပထမပတ်က တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လာပါသည်။

         ရှမ်းပြည် နာနတ်သီးမှာ ဧပြီလ ပထမပတ်က တစ်လုံးလျှင် အကြီး ၂၀၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်နှင့် အသေး ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အကြီး ၂၅၀၀ ကျပ် ၊ အလတ် ၁၈၀၀ ကျပ်နှင့် အသေး ၁၂၀၀ ကျပ်၊ ပန်းသစ်တော်သီးမှာ ဧပြီလ ပထမပတ်က တစ်လုံးလျှင် ၃၀၀၀- ၃၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် ၃၅၀၀- ၄၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)