Main menu

အုတ်တွင်းမြို့နယ်အတွင်း ဆောင်းနေကြာများ ရိတ်သိမ်းပြီးစီး

Powered by Drupal

     အုတ်တွင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၁)အုပ်စုရှိသည့်အနက် ဆောင်းနေကြာ သီးသန့်စိုက်ပျိုးမှုအနေဖြင့် ဝါးတီးကျေးရွာ၊ ခေါင်ရမ်းကျေးရွာ၊ သာဂရကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ဆောင်းနေကြာ ၁၀၉ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးချိန်တွင် မြေခံရေခံပေါ်မူတည်၍ တစ်ဧကလျှင် အနည်းဆုံး ၉ တင်းမှ အများဆုံး ၁၅ တင်းအထိ ထွက်ရှိကြောင်း သိရပါသည်။

      သီးညှပ်စိုက်ပျိုးမှုအနေဖြင့် ကျေးရွာအုပ်စု(၂၆)ခုတွင် ၃၁၅၆ ဧက စိုက်ပျိုးပြီး အထွက်နှုန်းမှာ မြေခံရေခံပေါ်မူတည်၍ တစ်ဧကလျှင် အနည်းဆုံး (၄)တင်းမှ အများဆုံး (၁၀)တင်းအထိ ထွက်ရှိကြောင်းသိရပါသည်။ ယခုနှစ်တွင်ရာသီဥတုပူပြင်းသောကြောင့် အပင်များမှာ ခူးဆွတ်ချိန်တွင် သဲပူမိ၍ အစေ့အဆံမကောင်းသဖြင့် အထွက်နှုန်းကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)