မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ (တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းရောဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၉၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စားအုန်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၆၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) ဖြစ်ပြီး ဧပြီ (ပထမပတ်) တွင် စက်ပဲဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းရောဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၈၉၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်ဧပြီ (ပထမပတ်) ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် မြေပဲစက်ဆီနှင့် နေကြာဆီတစ်ပိဿာလျှင် ကျပ် (၅၀၀) ဈေးနှုန်းမြင့်တက်လာပြီး ကျန်စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)