ကုန်သွယ်မှုသတင်းများ
ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးဒေသတွင် နှစ်စဉ်ဖရဲဧက(၁၀၀၀)ကျော်စိုက်ပျိုးခဲ့သော် လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုအခြေအနေများကြောင့် တရုတ်ဈေးကွက် မျှော်မှန်းရန် ခက်ခဲသည့် အခြေအနေများနှင့် စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေများကြောင့် ယခင်နှစ်ထက် သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဘိုင်းဒါးဒေသ ဖရဲစိုက်တောင်သူထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ လက်ရက်ကန်း လုပ်ငန်းမှာ ယခင်ကျားတက် ကျေးရွာ တစ်ခုတည်းရှိရာမှ ၂၀၂၁ ခုနှစ်တွင်မိုးခိုင်ကြီးကျေးရွာနှင့် ဝေသာလီ ကျေးရွာများ၌ ပါတိုးချဲ့လုပ်ကိုင်လာကြသည့်အတွက် လက်ရက်ကန်း အလုပ်ရုံ(၅)ခုအထိ တည်ထောင်လုပ်ကိုင်လာကြကြောင်း သိရသည်။

ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမိုများပြားလာကြောင်း သိရသည်။ မွေးမြူရေးလုပ်ငန်းသည် မွေးမြူရလွယ်ကူသည့်အပြင် သဘာဝအစားအစာများ ဖြစ်သော ရေမှော် ၊ ပိုးမွှားကောင်သေး၊ တီကောင်စသည်တို့ကိုစားသောက်လေ့ရှိသဖြင့် ကုန်ကျစရိတ် သက်သာကြောင်း သိရှိရသည်။ သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းကွင်းများပေါများသောကြောင့် တစ်နိုင်တစ်ပိုင် အကောင်ရေ ၃၀ မှ ၅၀ မွေ

ပဲခူးတိုင်းဒေသကြီးတွင် စပါးဈေးနှုန်းများအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာဒုတိယပတ်တွင် ဧည့်မထ ၄၆ပေါင် တင်း၁၀၀လျှင်စပါးအရည်အသွေးပေါ်မူတည်၍ ကျပ် ၆၅၀၀၀၀မှ ကျပ် ၆၇၀,၀၀၀ထိဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာတတိယပတ်တွင် ဧည့်မထ ၄၆ပေါင် တင်း၁၀၀လျှင် စပါးအရည်အသွေးပေါ်မူတည်၍ ကျပ် ၆၅၀,၀၀၀ မှ ကျပ် ၆၇၀,၀၀၀ထိဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပုံမှန်ဈေးငြိမ်လျှက်ရှိပါသည်။ ဧည့်မထဆန်ဈေးနှုန်းအနေဖြင့် အရည်အသွေးပေါ် မူတည်၍အလတ်စတစ်အိတ်လျှင် ကျပ်၂၃၀၀၀ မှ ကျပ်၂၄၀၀၀ ထိရှိခဲ့ပြီး ဒီဇင်ဘာတတ

မော်လမြိုင်မြို့၌ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့် အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရှိရသည်။ ယခင်အပါတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၃၀၀၊ ဆင်(ထိုင်း) ကျပ် ၇၆၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၆၇၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၇၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၇၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအေးနေကြောင်းသိရှိရသည်။